Latest News

Saturday, March 31, 2018

မြောင်းမြကြိုးတံတား ပျက်ကျ၍ ယာဉ်(၁)စီး မြစ်ထဲပြုတ်ကျရာ ရေပြင်ရှာဖွေကယ်ဆယ်လျှက်ရှိ

မြောင်းမြကြိုးတံတား ပျက်ကျ၍ ယာဉ်(၁)စီး မြစ်ထဲပြုတ်ကျရာ ရေပြင်ရှာဖွေကယ်ဆယ်လျှက်ရှိ
မြောင်းမြကြိုးတံတား ပျက်ကျ၍ ယာဉ်(၁)စီး မြစ်ထဲပြုတ်ကျရာ ရေပြင်ရှာဖွေကယ်ဆယ်လျှက်ရှိ

(မြောင်းမြ) ၂၀၁၈ ခုနှစ်၊ ဧပြီ ၁ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ကွယ်လယ်ကျေးရွာနှင့် မြောင်းမြ တစ်ဖက်ကမ်း ဆက်သွယ်ထားသော မြောင်းမြ ကြိုးတံတားမှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နံနက် ၁ နာရီ ၅၀ အချိန်တွင် ယာဉ်တစ်စီးတံတားပေါ်မောင်းနှင်စဉ် ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကွယ်လယ်ကျေးရွာနေ ဒေသခံတစ်ဦးမှ “တံတားက ဒီနံနက်ပိုင်း ပျက်ကျတာ၊ တံတားပေါ်ဖြတ်တဲ့ ကား တစ်စီးတော့ မြစ်ထဲကျသွားတယ်၊ ခုထိတော့ရှာနေတုန်းပါ၊ ကားတွေတော့သွားလို့မရတော့ဘူးဗျ၊ ဘယ်လိုလုပ်မလည်း ဆိုတာတော့ မသိသေးဘူး" ဟု ပြောကြားသည်။

တံတားပျက်ရာတွင်ပါသွားသည့်ကားမှာ​မြောင်းမြမြို့နတ်​စင်​လမ်းမှဦး​အောင်​ကြီး၏ကားဖြစ်ပြီး
၆ဘီးကားယာဉ်​​မောင်း.မဲကြီး(ခ)သန့်​​ဇော်​ထိုက်​နှင့်​စပယ်​ယာတစ်​ဦး၊​ပေါင်း(၂)ဦးကားနှင့်​အတူမြစ်​အတွင်းသို့ပါသွား​သည့်ဟု Myaung Mya Daily တွင်ဖော်ပြထားသည်။

တံတားပျက်ကျရာနေရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၊ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များ ရောက်ရှိကာ ရေပြင်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်​။
မြောင်းမြကြိုးတံတားကို ၁၉၉၆ခုနှစ်​ကစတင်​ဖွင့်​လှစ်​ခဲ့သည်။

သတင်း​ထောက်​၊တန်​ခူး(တိုင်းဧရာ)








No comments:

Post a Comment