Latest News

Thursday, March 22, 2018

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ရဲ့ နှုတ်ခွန်းဆက်စကား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ရဲ့ နှုတ်ခွန်းဆက်စကား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မိမိကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးရွယ်တင်မြှောက်ခဲ့ကြသည့် လွှတ်တော် ကိုယ်စားလှယ်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ သည် ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည်နှင့်အညီ တွေးခေါ်ကြံဆပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံများသည် ဒီမိုကရေစီ ကျင့်စဉ်များ၊ လူ့အခွင့်အရေး စံနှုန်းများကို ခံစား၊ စံစားလိုကြသည့် နိုင်ငံသူနိုင်ငံသားများအတွက် စံနမူနာကောင်းများ ဖြစ်စေလိုပါကြောင်း။

တစ်ဦးနှင့်တစ်ဦး သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အပြန်အလှန် လေးစားခြင်း၊ အပြန်အလှန် နားလည်မှု ရှိခြင်း၊ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးကို သယ်ပိုး ကြစေလိုပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ကြည်စွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီရှင်သန် ခိုင်မာမှုနှင့် လူ့အခွင့် အရေးများ မြှင့်တင်နိုင်ရန် စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရန် စသည်တို့ကို အတူတကွ လက်တွဲ ပူးပေါင်းပြီး အကောင်အထည်ဖော်ကြရန် တိုက်တွန်းပါကြောင်း၊ မိမိတို့အားလုံးသည် ကိုယ်ကျိုးစီးပွားထက် အမျိုးသားအကျိုးစီးပွားကို ဦးစားပေးကာ မိမိတို့ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် မိမိတို့၏ ဂုဏ်သိက္ခာကို မြင့်မားစေကြရမည် ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံ၏ သမိုင်းစာမျက်နှာသစ်ကို ဖွင့်ခွင့်ရကြသူများပီပီ လွှတ်တော်ကြီး၏ ဂုဏ်ဒြပ်ပိုမိုမြင့်မားပြီး တင့်တယ်လာစေရန် စွမ်းဆောင်ကြစေလိုပါကြောင်း၊ နိုင်ငံတော်တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုသည့် အာဏာကြီးသုံးရပ် အနက် လွှတ်တော်၏ အဓိကတာဝန်သည် ဥပဒေပြုရေးဖြစ်ပါကြောင်း၊ ထို့အပြင် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်များ၊ ကြေညာချက်များသည် ဒီမိုကရေစီကျင့်စဉ်နှင့် ညီညွတ်မှုရှိ၊ မရှိ တို့ကို လေ့လာစိစစ် ကြပြီးပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်နေကြရမည်ဖြစ်ပါကြောင်း၊ ဥပဒေပြုရေးမဏ္ဍိုင် ဖြစ်သည့် လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့အား တာဝန်ပေးအပ်သည့်အတွက် ယင်း တာဝန်ကို မိမိအနေဖြင့် လွှတ်တော်ဥပဒေဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ အဂတိတရား ကင်းရှင်းစွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီအခွင့်အလမ်းများ ပွင့်လန်းလာစေရန်၊ နိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေး များ ပိုမိုရရှိလာစေရန်တို့ကို ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ ကြိုးပမ်းအားထုတ်သွားမည်ပါကြောင်း၊ လေးနက်တည်ကြည်စွာ ကတိပြုပါကြောင်း ပြောကြားသည်။

ဦးတီခွန်မြတ်က ထောက်ခံမဲ ၂၈၀ နှင့် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးက ထောက်ခံမဲ ၁၄၁ မဲဖြင့် ထောက်ခံမဲများသည့် ကွတ်ခိုင် မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။

Photo - MOI

No comments:

Post a Comment