Latest News

Saturday, March 3, 2018

ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာ၌ မီးလောင်မှုဖြစ်ပွား


ရေစကြို မတ် ၎

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာ၌ မတ်လ ၃ ရက်နေ့ ည ၈ နာရီခွဲအချိန်
ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ သစ်ကြီးတောကျေးရွာနေ တောင်သူ ဦးပေါ်ဦး  (ဘ) ဦးဘရွှေ (၅၅) နှစ်၏ နေအိမ် ၃ ပင်ပတ်လည် ထန်းလက်မိုး ထန်းလက်ကာ နေအိမ်မီးဖိုမီးကြွင်း မီးကျန်မှ မီးစတင်လောင်ကျွမ်းရာ လူဦးရေ (၈၉၃) ဦး အိုးမဲ့အိမ်မဲ့ဖြစ်ကာ လူနေအိမ် (၁၅၄) လုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (၆၃၉၅၀၀၀၀) ခြောက်ရာသုံးဆယ့် ကိုးသိန်း ငါးသောင်းကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့
သည်။

လူနှင့်တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။ မီးလောင်ကျွမ်းမှု သတင်းရရှိသည်နှင့် နီးစပ်ရာ ကျေးရွာများ မြို့နယ်များမှ မီးသတ်ယာဉ်များ ရေယာဉ်များ လူမှုရေးအသင်းအဖွဲ့များ၊ ရေစကြိုတပ်နယ်မှ ရေ
သယ်ယာဉ်များ စုစုပေါင်း (၂၃) စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့မှုကြောင့် ၉ နာရီခွဲအချိန်ခန့်တွင် မီးညွန့်ကျိုး၍ မီး
ထိန်းနိုင်ခဲ့သည်။

ရေစကြိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးမြင့်ဖေ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီအောင်တို့က အနီးကပ် ကြီးကြပ်ပြီး အနီးပတ်ဝန်းကျင် ကျေးရွာအုပ်စုများမှ ကျေးရွာအုပ်ချုပ်ရေးမှူး များ ရဲတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ တပ်မတော်သားများ လူမှုရေးအသင်းအဖွဲ့များ ဒေသခံပြည်သူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့်အပြင် မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ပခုက္ကူခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်တို့ ရောက်ရှိလာကာ မီးကြွင်းမီးကျန်များ မကျန်ရှိစေရေး မီးဘေးသင့် ပြည်သူများအား ရွေ့ပြောင်းနေထိုင်ရေး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြီး ၅ ရက်စာ စားသောက်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ် ပြန်/ဆက်

No comments:

Post a Comment