တစ်နေရာတည်း ကားသုံးစီးတိုက်မှုဖြစ်ပွား၍ (၇)ဦး သေဆုံးပြီးနောက် တစ်ကြိမ်ထပ်တိုက်မှုဖြစ်ပွား
ဓနုဖြူ မတ် ၎
ဓနုဖြူမြို့နယ်၊ ညောင်ချောင်းအုပ်စု၊ တလိုင်းစုကျေးရွာတွင် တစ်နေရာ တည်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားကာ ပထမအကြိမ်ယာဉ်တိုက်မှုတွင်ကား (၃)စီး တိုက်မှုဖြစ်ပွားသဖြင့် ကျား (၅)ဦး၊ မ (၂)ဦး သေဆုံး၍ ကျန်(၁၂)ဦးမှာလည်း ဒဏ်ရာများအသီးသီးရရှိကြကာ ဒုတိအကြိမ်တွင်လည်း ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မတ်လ ၃ ရက်၊ ည (၈း၄၅)နာရီအချိန်ခန့်တွင်ယာဉ်မောင်း ကျော်စိုးခိုင်ထွန်း မြန်အောင်မြို့နယ်၊ ပြည်တော် သာကျေးရွာနေ မောင်းနှင်ပြီး ဦးဇင်း (၁)ပါး၊ ကိုရင် (၁)ပါးနှင့် ဦးညွန့်လွင် တို့လိုက်ပါသောယာဉ်သည် သတ်မှတ်အချက်ပြမီးများထွန်း၍ရပ်ထားသော ကုန်တင်ယာဉ်၏ ၀ဲဘက်အခြမ်းအားဝင်ရောက်တိုက်မိကာ လမ်းမပေါ်သို့ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင်ဘက်မှလာသော ယာဉ်မောင်း ဇင်မင်းလတ် မောင်းနှင်ပြီး ခရီးသည် (၁၆)ဦးပါသောယာဉ်နှင့် အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိပြီး အခင်းဖြစ်ပွားရာနေရာတွင် ယာဉ်မောင်း ကျော်စိုးခိုင်ထွန်း၊ ဦးဇင်း (၁)ပါး၊ ကိုရင် (၁)ပါး၊ ဦးညွန့်လွင်နှင့် တစ်ဖက်ယာဉ်မှ ကျား (၁)ဦးနှင့် မ (၂)ဦး စုစုပေါင်း (၇)ဦး သေဆုံးခဲ့ပြီး ကျန် (၁၂)ဦးမှာလည်း ဒဏ်ရာများအသီးသီးရရှိခဲ့ကြသည်။ ယင်းနောက် မတ် ၄ရက် နံနက် (၄း၁၅)နာရီအချိန်ခန့်တွင် ထိုနေရာမှာပင် ယာဉ်မောင်း ဇော်မင်းထက် (လှိုင်သာယာနေ) မောင်းနှင်းပြီး အောင်အောင်နှင့် မဇာဇာလင်းတို့လိုက်ပါသော ယာဉ်သည် လက်ယာဘက်ဘေးတွင် သတ်မှတ်အချက်ပြ မီးများထွန်း၍ရပ်ထားသည့် ကုန်တင်ယာဉ်ကိုပင် ထပ်မံတိုက်မိသောကြောင့် (မစိုးရိမ်)ရ ဒဏ်ရာများအသီးသီးရရှိခဲ့ကြသည်။
မော်တော်ယာဉ်အား မဆင်မခြင်အရှိန်ပြင်းစွာမောင်းနှင်းသူ ကျော်စိုးခိုင်ထွန်း အား ဓနုဖြူမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ- ၃၀၄-က/၃၃၈/၃၃၇၊ ယာဉ်မောင်းဇော်မင်းထက်အား ရာဇသတ်ကြီးပုဒ်မ -၃၃၈/၃၃၇ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
အောင်သူဟိဏ်း(ပြန်/ဆက်)
Sunday, March 4, 2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment