Latest News
Monday, March 5, 2018
မိုးပျံပူးဖောင်းတွေ လွှတ်မလား ကျောင်းတွေဆောက်မလား
မိုးပျံပူးဖောင်းတွေ လွှတ်မလား ကျောင်းတွေဆောက်မလား
ခုတစ်လော ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် ကို လူမှုကွန်ယက်တွေ မှာဝေဖန် ပြောဆိုနေကြတာက ဖွင့်ပွဲတွေ ကိုတက်ရောက်ဖွင့်လှစ်နေတဲ့  အခြေနေဖြစ်ပါတယ်.။
ဖွင့်ပွဲတစ်ခု လုပ်ရင် အချိန် ရယ် ငွေရယ် ၀န်ထမ်းတွေရယ် ဒါတွေအားလုံးကို အသုံးပြုကြရပါတယ်။
အဲ့ ဒီ အသုံးပြုကြတဲ့ အထဲကမှ မိုးပျံ ပူးဖောင်းသုံးစွဲမှုကိုပဲ အနီးကပ်လေ့လာကြည့်ပါမယ်။၂၀၁၇ ခုနစ် ဧရာဝတီတိုင်းဒေသကြီး သင်္ကြန်ဖွင့်ပွဲတစ်ခုမှာ မိုးပျံ ပူပေါင်းလွင့်တင်တာဟာ တန်ဖိုးအားဖြင့် မြန်မာ ကျပ်ငွေ ခုနစ်သိန်းကျပ်ကုန်ကျတယ်လို့  ကျင်းပရေးကော်မတီထံက သိရပါတယ်။
“ပူးပေါင်းတွေက ဈေးကြီးလွန်းတယ် အကြီးဆုံးအလုံးဆို တစ်လုံးတစ်ထောင်လောက်ပေးရတာဆိုတော့ ကုန်တာပေါ့ “လို့  သင်္ကြန်ကျင်းပရေးကော်မတီဝင်တစ်ဦးကပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ တစ်နေ့ ကို ဖွင့် ပွဲတစ်ပွဲတော့ အနည်းဆုံးရှိနေပါတယ်။ဖွင့်ပွဲတစ်ပွဲအတွက် တစ်သိန်းကုန်ကျမယ်ဆိုရင် တစ်နှစ်ဆိုရင် မြန်မာကျပ်ငွေ ၃၆၅ သိန်းရှိပါတယ်.။
မြန်မာကျပ်ငွေ ၃၆၅သိန်းဟာ မူလတန်းကျောင်းဆောင်သစ်တစ်ဆောင်တည်ဆောက်နိုင်သလို စာကြည့်တိုက် တစ်ဆောင်လည်းကောင်းကောင်းရပါတယ်။ဒါမှမဟုတ်ကျေးလက်ကျန်းမာရေးဆေးပေးခန်းတစ်ခန်းအတွက်လည်းလုံလောက်ပါတယ်.။
ဧရာဝတီတိုင်းဒေသကြီးအတွင်းက ဒေသခံ အများစုကလည်း ဖွင့်ပွဲတွေက အားမပေးပဲ ပြည်သူတွေရဲ့ အခြေခံ ကျတဲ့  အခြေနေတွေကို အကောင်ထည်ဖော်ဆောင်ရွက်ပေးစေလိုပြီး ပူးပေါင်းတွေနဲ့ အတူ ဖွင့်ပွဲတက်ဖဲကြိုးဖက်တဲ့  ဓလေ့ ကို မလိုလားတော့ပါဘူး။
ပုသိမ်ဒေသခံ ကဗျာ ဆရာဦးတိုးဝေက”ပုဂ္ဂလိက ပွဲတွေတော့ မပြောလိုဘူးအစိုးရပွဲတိုင်းမှာ ပူးပေါင်းတွေနဲ့  ဖဲကြီုးဖြတ်ဖွင့်တဲ့  အစီအစဉ်ကို မလုပ်တော့ ဘူးလို့ ဆုံးဖြတ်နိုင်ရင် သိပ်ကောင်းမှာပဲ အစိုးရပွဲတိုင်းအဲ့ ဒီဓလေ့ ဖျောက်စေချင်တာ “လို့ ပြောပါတယ်။
ဇွဲထက်ဥာဏ်
No comments:
Post a Comment