Latest News

Monday, March 26, 2018

အဆိုတော် ဇော်ဝင်းထွဋ်ကို နယ်မြို့များမှ သီချင်းဆိုရန် ကမ်းလှမ်းမှုများ ရှိနေ

အဆိုတော် ဇော်ဝင်းထွဋ်ကို နယ်မြို့များမှ သီချင်းဆိုရန် ကမ်းလှမ်းမှုများ ရှိနေ

အဆိုတော်ဇော်ဝင်းထွဋ်ကို သင်္ကြန်မတိုင်မီ Music Tour များသီဆိုရန် နယ်မြို့များမှ ကမ်းလှမ်းမှုများ ရှိနေကြောင်း သိရသည်။

''နယ်မြို့တွေက သီချင်းတွေလာဆိုဖို့ ချိတ်ထားတာတွေ ရှိပါတယ်။ မရောက်တာကြာပြီ ဖြစ်တဲ့နယ်တွေကို လှမ်းချိတ်မယ်။ အဲဒီဒေသတွေက သေချာစီစဉ်ပေးနိုင်ရင်တော့ သွားရောက်ဖျော်ဖြေမှာပါ။ သွားလို့အဆင်ပြေရင် ကိုယ့်စရိတ်နဲ့ ကိုယ်သွားလို့ရတယ်။ ပြဿနာ မရှိပါဘူး။ ကိုယ်နဲ့ပါမယ့်သူတွေကို ကောင်းကောင်းမွန်မွန် ကျွေးမွေးဧည့်ခံရင်ရပါတယ်''ဟု အဆိုတော် ဇော်ဝင်းထွဋ်က ပြောသည်။

အသက် ၅၄ နှစ်ပြည့်ပြီဖြစ်သည့် အဆိုတော် ဇော်ဝင်းထွဋ်အနေဖြင့် ဖြတ်သန်းနေရသည့် နေ့ရက်တိုင်းကို ပျော်စရာဖြစ်အောင်နှင့် တန်ဖိုးရှိအောင် ကြိုးစားဖြတ်သန်းနေကြောင်း သိရသည်။ ဇော်ဝင်း ထွဋ်သည် တစ်ခေတ်တစ်ခါက ဂီတလောကတွင် ပြည်တွင်း၌ ပရိသတ် အားပေးမှုများစွာ ရခဲ့သော်လည်း လက်ရှိတွင် အသက်အရွယ်ရလာပြီ ဖြစ်သောကြောင့် သီချင်း သီဆိုခြင်းများ ကျဲသွားသဖြင့် ပရိသတ်နှင့် အလှမ်းကွာ သလိုဖြစ်ခဲ့ပြီး ယခုအခါ ဖျော်ဖြေပွဲများ ပြန်လည်ပြုလုပ်လာကြောင်း သိရသည်။ မြ၀တီ

No comments:

Post a Comment