Latest News

Sunday, March 25, 2018

မကြားဝံ့မနာသာ ထိတ်လန်ခြောက်ခြားစရာ ရင်နာစရာ " လပွတ္တာတာဝန်ရှိသူရဲတပ်သားအချို့၏ညှင်းပန်းနှိမ့်စက်မှုကြီး


 " မကြားဝံ့မနာသာ ထိတ်လန်ခြောက်ခြားစရာ ရင်နာစရာ "
လပွတ္တာတာဝန်ရှိသူရဲတပ်သားအချို့၏ညှင်းပန်းနှိမ့်စက်မှုကြီး(1)
☆☆☆ နိုင်ငံတော်မှပြင်းထန်စွာအရေးယူပေးပါ ☆☆☆

လွန်ခဲ့တဲ့(10)နှစ်ကနာဂစ်မုန်တိုင်းဒဏ်အပြင်းအထန်ခံစားခဲ့ရတဲ့ဧရာဝတီတိုင်းလပွတ္တာခရိုင်လပွတ္တာမြို့နယ်ပြင်စလူမြို့နယ်ခွဲဒေါင်ချောင်းကျေးရွာမှာပစ္စည်းဖောက်ထွင်းခံရတဲ့အမှုကိုအကြောင်းပြုပြီးပိုးလောင်းရဲစခန်းမှတာဝန်ရှိသူရဲတပ်သားများရဲ့မကြားဝံ့မနာသာထိတ်လန့်ခြောက်ခြားစရာပြည်သူတွေအပေါညှင်းပန်းနှိမ့်စက်မှုကြီးဖြစ်ပွားခဲ့ပါတယ်။
အမှုဖြစ်စဉ်
********
လပွတ္တာမြို့နယ်ပြင်စလူဒေါင်ချောင်းကျေးရွာနေဦးချစ်ခင်ဒေါ်ယဉ်ယဉ်သန်း(ယခင်နာဂစ်ဝေချမ်းရေးအိမ်)မှငွေသား(65)သိန့်နဲ့ရွှေသား(2)ဗူးစုစုပေါင်းသိန်း(400)ဖောက်ထွင်းမှုကြီး(2018)(1)လပိုင်းကဖြစ်ပွားခဲ့ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး(21.2.18)မှာပိုးလောင်းရဲစခန်းကအခင်းဖြစ်အိမ်နဲ့ကပ်ရက်အိမ်မှကိုခင်မောင်လတ်ကိုလာခေါ်သွားပါတယ်ကိုခင်မောင်လတ်ထွက်ဆိုချက်အရ(15.3.2018)မှာခေါင်ချောင်းကျေးရွာနေအဘဦးစိုးနိုင်ရဲသားကိုစိုးမြတ်အောင်(26)နှစ်ကိုပိုးလောင်းရဲစခန်းကနယ်ထိန်းအောင်လင်းထွန်းရဲတပ်သားတွေဖြစ်တဲ့သူရိန်ဦး၊ဝေဖြိုးအောင်၊ဖုန်းပြည့်၊ဟိန်းမင်းထက်တို့ကည(1)ချက်တီးမှာနောက်ပြန်လက်ထိတ်ခတ်ပြီးကြိုးနဲဆွဲခေါ်သွားပါတယ်။

မောင်စိုးမြတ်အောင်အရှင်လတ်လတ်ငရဲကျခြင်း
***********************************
ပိုးလောင်းရဲစခန်းရောက်တဲ့အခါနောက်ပြန်လက်ထိတ်ခတ်ထားတဲ့မောင်စိုးမြတ်အောင်ကိုတစ်ဖက်ကဆာလာအိပ်ကြီးထဲအုတ်ခဲတွေထည်ပြီထုတ်တန်းမှာမနက်(5)နာရီမှ(9)နာရီအထိချိန်ထားခဲ့ပါတယ်။သူကိုရဲတပ်သားဖုန်းပြည့်အောင်ကလိမ်းဆေးပေးပြီးကင်းတဲနောက်မှာထမင်းကြွေးတယ်သူလက်တွေလှုပ်လိုမရတော့အဖြစ်ရောက်ခဲ့ရပါတယ်။ခွေလိုဝက်လိုစားခဲ့ရပါတယ်တဲ့၊သူနဲ့အတူတူမသင်္ကာမှုနဲဖမ်းထားတဲကိုခင်မောင်လတ်ကိုစစ်ဆေးတာဘယ်လိုစစ်တယ်မသိဘူးမခံနိုင်လို့သူ့ကိုကိုခင်မောင်လတ်ကလွှဲချလိုက်တယ်တဲ့(19.)ည(12)နာရီမှာတော့ရဲတပ်သားဝေဖြိုးအောင်ကမင်ခိုးတယ်လိုခင်မောင်လတ်ကပြောနေပြီဆိုပြီးလက်ထိတ်နောက်ပြန်ခတ်ပါးတစ်နေရာထည်းကိုဖိနပ်နဲအချက်ပေါင်းများစွာရိုက်နက်လိုက်လို့နားအူပြီးအကြားရတော့ဘူးတဲ့၊တစ်ချိန်ထည်းမှာထိတ်တုံးခတ်ပြီးပုဆိုးချွတ်ပြီးဂွေးပေါ်ကိုရေသန့်ဗူးကိုမီးရှို့ပြီးကျလာတဲ့ပလပ်စတစ်အပူရည်တွေချတယ်တဲ့သူအနေနဲ့အသက်သေသွားတာကမှတော်အုန်းမယ်ခံစားရပြီးသတိလစ်မတတ်ခံစားရတယ်တဲ့ မခံနိုင်တဲ့အဆုံးဟုတ်ပါတယ်ဝန်ခံပြီးသူအဖေ
လှိုင်ဘုန်းကျေးရွာမှဦးပဉ္စင်း(ဦးစန္ဓိ)ဦးစိုးနိုင်လုပ်တာပါပြောလိုက်ရတယ်တဲ့။သူနဲဧကိုခင်မောင်လတ်ကိုလှိုင်းဘုန်းခေါ်သွားပြီးဘုန်ကြီးကိုဖမ်လူချွတ်ပြီးရဲစခန်ူးခေါ်သွားတယ်တဲ့ရဲစခန်းကိုဒေါင်ချောင်းဆရာတော်ဦးပဏ္ဏဝကဖုန်းဆက်ပြီးမနှိမ်စက်ဘို့ပြောတယ်တဲ့၊
ရဲတပ်သားဖုန်းပြည်ကပြောတယ်တဲ့တရားရုံးရောက်ရင်မင်တို့တွေငါတို့စ္စ်ဆေးတုန်ူးကအတိုင်းပြောကြထွက်ဆိုကြမပြောရင်မဟုတ်ရင်(3)လခံဆေးနဲ့ထိုးသတ်ပစ်မယ်လို့ခြိမ်းခြောက်သတဲ့။

မောင်စိုးမြတ်အောင်ထွက်ပြေးလွတ်မြောက်ခြင်း
*********************************
ရဲစခန်းပြန်ရောက်တော့ည(8)နာရီမှာရဲစခန်းကင်တဲကနေဆရာတော်ဆီကိုထွက်ပြေးပါတယ်ည(12)နာရီမှာကျောင်ရောက်တော့ဆရာတော်ကိုပြောပြတယ်သူပုဆိုးလဲချွတ်ပြတော့ဆရာတော်ကငိုကြွေးတယ်တဲ့ရွားသားတွေဆင့်ခေါ်ပြီးပြတော့ရွားသားတွေလဲစုရုံးကြပြီးမခံမရပ်ဖြစ်ကြတယ်တဲ့နောက်တော့ဆရာတော်ကဘဲလပွတ္တာ(3)မိုင်ဆေးရုံကိုဆေးကုဘို့ရွားသားတွေမိသားစုတွေစေင့်ရှောက်မှုနဲလွတ်လိုက်လို့(22.3.18)မှာလပွတ္တာ(3)မိုင်ဆေးရုံကြီးမှာဆေးကုသမှုခံယူနေပါပြီ မိသားစုကပြုစုနေပါပြီ။
(ကိုခင်မောင်လတ်ငရဲခန်းဆက်လက်တင်ပြပါမည်)

မြန်မာနိုင်ငံရဲအကြီးအကဲများအုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးတာဝန်ရှိသူများမြန်မာနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနမြန်မာနိုင်ငံရဲတပ်ဖွဲ့ဧရာဝတီတိုင်းဒေသကြီးမှတာဝန်ရှိသူများဒါမျိုးမဖြစ်အောင်နိုင်ငံသူနိုင်ငံသားတွေကိုစောင့်ရှောက်ကြပါ၊အပြစ်ရှိသူကိုဖော်ထုတ်ပါအပြစ်မရှိသူကိုကာကွယ်ပါ၊

ဇော်ရမ်(88 ကျောင်းသားဟောင်း)
တောင်သူလယ်သမားအကျိုးဆောင်ကွန်ရက်(တာဝန်ခံ)
ပြည်ထောင်စုတိုင်းရင်သားတောင်သူလယ်သမားသမဂ္ဂ(တွင်းမှူး)
ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်(မူဝါဒရေးရာ)
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာစုံစ်းဖော်ထုတ်ရေးကော်မီတီ(အဖွဲ့ဝင်)09794311418













ကျွန်တော်နှင့်ရပ်တည်ပါလပွတ္တာအမြန်ဆုံးသွားမည်
" လပွတ္တာမှလူသားမဆန်သောထိတ်လန့်စရာနှိမ့်စက်မှုကြီး "
" တာဝန်ရှိရဲတပ်သားအချို့၏လူ့အခွင့်အရေးချိုးဖောက်မှုကြီး "
အပိုင်း(2)
## မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးပြည်သူယုံအောင်ဖြေရှင်းပေးပါ ##
လပွတ္တာမြို့နယ်ပြင်စလူတိုက်နယ်ဒေါင်ချောင်းကျေးရွာရှိဆဒါင်းချောင်းကျေးရွာနေဦးချစ်ခင်ဒေါ်ယဉ်ယဉ်သန်(ယခင်နာဂစ်ဝေချမ်းရေးအိမ်)မှာရွှေငွေပစ္စည်းသိန်း(400)ကျော်ဖောက်ထွင်ခိုးယူမှု2018)ခု(1)လပိုင်းကဖြစ်ပွားခဲ့ပါတယ်၊ဒီအမှုနဲ့ပတ်သက်ပြီးရဲကအခင်းဖြစ်အိမ်နဲ့အိမ်ခြင်းကပ်နေထိုင်သူကိုခင်မောင်လတ်(36)နှစ်ကို(21.2.18)မှာပိုးလောင်းရဲစခန်းကလက်ထိတ်နောက်ပြန်ခတ်ခေါ်သွားခဲ့ကြောင်း၎င်းအိမ်ဖောက်ထွင်းသည်အချိန်တွင်ကိုခင်မောင်လတ်မှာငါးသလောက်ပိုက်သွားထောင်နေဤဘာမျှမသိကြောင်းအိမ်မှာလူရှိလျှက်နှင့်ဖောက်ထွင်းမှုဖြစ်ခဲ့ကြောင်း။
ကိုခင်မောင်လတ်အတွက်အရှင်လတ်လတ်ငရဲကျချိန်
***************************************
ကိုခင်မောင်လတ်ပိုးလောင်းရဲစခန်းရောက်တော့လက်ထိတ်နောက်ပြန်ခတ်လျှက်နဲ့ထုတ်တန်းမှာဆွဲပြီးစစ်ဆေးကြောင်းရဲတပ်သားပြည့်ဖြိုးအောင်၊ဖိုးပြည့်၊သူရိန်ဦးတို့ကပါးကိုအကြိမ်ပေါင်းများစွာရိုက်နက်မှုကြောင်မျက်နှာယောင်ကိုင်းသွားပြီးနားမကြားရတော့ကြောင်းမိမိအနေဖြင့်ဘာမှမသိရသဖြင့်ဘာမှဝံမခံဘဲညင်းခဲ့သေးကြောင်း၊ပုဆိုးချွတ်ပြီး
ထိတ်တုံးခတ်ပြီးဂွေးကိုကြိုးချီပြီးထုတ်တန်းမှာချီထားပြီးစီးကရက်ဆေးလိပ်မီးနဲ့တစ်ဗူးကုန်သည်အထိ(3)နာရီကြာတို့ခဲ့ကြောင်းရေသန်ဗူးခွံ့ကိုမီးရှို့ပြီးပလပ်စတစ်ပျော်ရည်ပူများနှင့်ခါးနှင်ပေါင်ရင်းတိုကို့ပက်သည့်အခါမိမိသေသွားတာကမှကောင်းသေးတယ်လို့ခံစားရပြီးခိုးပါတယ်ဟုဝန်ခံပြီးမောင်စိုးမြတ်အောင်နဲ့အတူလုပ်ကြောင်းပြောလိုက်ကြောင်း။မိမိအားထိုသို့နှိမ်စက်နေချိန်တွင်ပစ္စည်းပျောက်ပိုင်ရှင်ဦးချစ်ခင်ဒေါယဉ်ယဉ်သန့်တို့၏သားကျော်သီဟ(ရဲတပ်ဖွဲ့ဟောင်း)ကထိုင့်ကြည့်နေကြောင်းရဲအလုပ်ရဲလုပ်တာကွဟုပြောကြောင်း၊ထိုသိုနှိမ်စက်မှုကိုစခန်းမှူးကသိပေမဲ့မတားဘဲရှောင်နေကြောင်း။
ကိုခင်မောင်လတ်ငရဲခန်းမှလွတ်မြောက်ခဲ့ပုံ
********************************
ကိုခင်မောင်လတ်ကခိုးထားတဲ့ပစ္စည်းတွေကိုသူအိမ်တိုင်ရင်းမှာမြှတ်ထားကြောင်းရဲတွေကိုညာပြောလိုက်တယ်ရဲကအဟုတ်မှတ်ပြီးသူနဲ့မောင်စိုးမြတ်အောင်ကိုရွာခေါ်သွာတယ်အိမ်ရောက်တောရဲတွေကတိုင်ခြေမှာရှာတာမတွေ့တောကြောင်သွားကြတယ်။သူလဲသူ့မိန်းမနဲ့ခဏ
တွေ့ပါရစေဆိုပြီးအိမ်ပေါ်တက်သွားပြီရွာလူကြီးတွေဖြစ်တဲ့ကိုအောင်ကြီးကိုအောင်ကိုလတ်နဲ့ကိုမျိုးတိုကိုအမြန်ခေါ်ပြီးသူပုဆိုးချွတ်ပြပြီးဓာတ်ပုံရိုက်ခိုင်းပြီးကျွန်တော်ကိုကယ်ကြပါဗျာလို့အကူအညီးတောင်းခဲ့ကြောင်း၊ဒေါင်ချောင်းဆရာတော်ကိုလဲအကူအညီတောင်းခဲ့ကြောင်း၊မောင်စိုးမြတ်အောင်ရဲ့ဖခင်ဦးပဉ္ဇင်းကြီးကိုလည်းလှိုင်းဘုန်းကျေးရွာအထိသွားဖမ်းခဲ့ကြကြောင်း၊ဒေါင့်ချောင်းဆရာတော်ဦးပဏ္ဏဝကရဲစခန်းကိုရွာသားတွေကိုမနှိမ့်စက်ဘို့ဖုန်းဆက်ပြောကြောင်းသိရလို့မနှမ်စက်တော့ကြောင်း။(21.3.18)ည(8)နာရီမှာမှာမောင်စိုးမြတ်အောင်ရဲ့စခန်းကထွက်ပြေးလွတ်မြောက်ပြီးဆရာတော်နဲ့ရွားသာတွေအဖြစ်မှန်သိသွားပြီးဒေါသတွေထွက်တော့မှရဲတွေယောက်ယက်ခတ်ကုန်ကြောင်း၊သူတိုကိုလည်းရဲကလွတ်ပေးလိုက်ကြောင်း။
ပျောက်သွားတဲ့ပစ္စည်းသေတ္တာကိုပြန်တွေ့တယ်လိုကြားရကြောင်းရွှေငွေတွေတော့ပြန်မရကြောင်းလဲကိုခင်မောင်လတ်ကပြောပြပါတယ်။
ဒေါင့်ချောင်းဆရာတော်ကဆေးရုံတက်ဆေးကုဘို့ဖုန်ဆက်ပြောပေးလိုလပွတ္တာ(3)မိုင်ဆေးရုံမှာဆေးကုသမှုခံနေရကြောင်းနားလည်းတဖက်မကြားရတော့ကြောင်းလက်တွေလဲပုံမှန်မြောက်မရတော့ကြောင်းထမင်းလည်းကောင်းကောင်းဝါးမရကြောင်းပြောပြရှာပါတယ်။
ယခုအခါမှာတော့တစ်နေ့တစ်နေ့လူကြီးတွေစုံအောင်လာတွေ့နေကြောင်းဘယ်သူတွေမှန်းလဲမသိကြောင်းကိုခင်မောင်လတ်ကပြောပါတယ်၊

ဒီမိုကရေစီစနစ်တွင်ပြည်သူတို့၏ရပ်ရွာအေးခြမ်းသာယာရေးတရားဥပဒေစိုးမိုးရေးတို့အတွက်အားအထားရဆုံးမဏ္ဍိုင်ကြီးမှာမြန်မာနိုင်ငံရဲတပ်ဖွဲဖြစ်ပါသည်။သိန်းချီရှိသောရဲတပ်ဖွဲ့ကြီးဖြစ်၍စနစ်တစ်ကျလုပ်ငန်းလည်ပတ်ရန်မည်မျှပင်ကြိုးစားပါစေရဲတပ်ဖွဲကိုနစ်နာစေသည့်ကိစ္စကြီးများလည်းကြုံတွေရမြဲဖြစ်ပြီးပြည်သူတို့အယုံအကြည်မပျက်စေရန်တိတိကျကျဖြေရှင်းရန်သာလိုပါသည်။

ဇော်ရမ်း(88 ကျောင်းသားဟောင်း)
တောင်သူလယ်သမားအကျိုးဆောင်ကွန်ရက်(တာဝန်ခံ)
ပြည်ထောင်စုတိုင်းသားတောင်သူလယ်သမားသမဂ္ဂ(တွင်းမှူး)
ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်(မူဝါဒရေးရာ)
လူအခွင့်ရေးချိုးဖောက်မှုဆိုင်ရာစုံစမ်းဖော်ထုတ်ရေး(အဖွဲ့ဝင်)
09794311418

No comments:

Post a Comment

Blog Archive

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Trailer Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ မုံရွာ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း နိုင်ငံရေးအကျဉ်းသား

Labels

Recent Post