Latest News

Sunday, March 25, 2018

၁၁ နှစ်သမီး ညိုမီရဲ့ အားမာန်(11-year-old Naomi Wadler )


11-year-old Naomi Wadler has more poise and power than most adults you’ve ever met #MarchForOurLives (via NowThis)
မြန်မာပြည်မှာ အသက် ၁၁ နှစ်ဆိုတာ နို့နံ့တောင်မစင်သေးတဲ့
ကလေးလေးအရွယ်လို့သာအများအားဖြင့်သတ်မှတ်ကြမှာပါ။
အမေရိကန်နိုင်ငံက ၁၁ နှစ်သမီးလေးရဲ့ နိုင်ငံရေးလှုပ်ရှားမှုကို
ကြည့်ရင်တော့ ဒီအရွယ်ဟာထိုက်သင့်တဲ့စဉ်းစားလုပ်ဆောင်
နိုင်စွမ်းတွေရှိလာပြီဖြစ်တဲ့အရွယ်ဆိုတာသိမြင်နိုင်မှာပါ။
အမေရိကန်နိုင်ငံက အသက် ၁၁ နှစ်အရွယ် ကျောင်းသူလေးညိုမီရဲ့
နိုင်ငံအရေးမှာ တက်ကြွစွာပါဝင်လှုပ်ရှားမှုဖြစ်ပါတယ်။
'ကျမဒီကနေ့ဒီနေရာကိုရောက်လာတာ
မတရားသတ်ဖြတ်ခြင်းခံလိုက်ရတဲ့ အာဖရိကန်အမေရိကန်တွေကို
ကိုယ်စားပြုတက်လာတာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ သတင်းစာမျက်နှာ်တွေရဲ့ ရှေ့စာမျက်နှာဘယ်တော့ မှ ပါဝင်လေ့မရှိတဲ့ 
အာဖရိကန်အမေရိကန်အမျိုးသမီးတွေကို
ကိုယ်စားပြုပြီးတက်ရောက်လာတာဖြစ်ပါတယ်။
ဒီအရွယ်နဲ့ ဒီလိုလှုပ်ရှားဖို့ငယ်ရွယ်လွန်းသေးတယ်လို့ တချို့ကယူဆကြတယ်။
တချို့က လူကြီးတွေရဲ့ ကြိုးကိုင်မှုဖြစ်မယ်လို့  ထင်ကြတယ်။
ကျမ ဘာက မှန်လဲ၊ဘာကမှားလဲ၊ဘ၀မှညီမျှမှုတွေမရှိဘူးဆိုတာကိုသိပါတယ်။ နောက်ထပ် ၇ နှစ်ဆိုရင် ကျမမဲပေးခွင့်ရတော့မယ်ဆိုတာလည်းသိပါတယ်။
သင်တို့ဖတ်လိုတဲ့စာအုပ်၊ဒါပေမယ့်မရေးသားရသေးတဲ့စာအုပ်တစ်အုပ်ကို 
ဒီကိုရောက်လာတဲ့သူတွေဝိုင်းဝန်းရေးသားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။"
မိန်းကလေးတွေ၊အသားအရောင်ခွဲခြားပြီး သတ်ဖြတ်ခံလိုက်ရတဲ့အမျိုးသမီးတွေ
အတွက်ညိုမီဆိုတဲ့အသက် ၁၁ နှစ်ကျောင်းသူလေးရဲ့ အသံပဲဖြစ်ပါတယ်
SZ(TIme Ayeyar)

No comments:

Post a Comment