( မတ် - ၁၉၊ )
ဗလာဒီမာပူတင် ရုရှားသမ္မတရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိ၊ စတုထ္တအကြိမ် သမ္မတရာထူးဖြင့် ၆ -နှစ် ဆက်လက် ဦးဆောင် နိုင်မည်။ ရုရှား၏ ဒုတိယ သက်တမ်းအရှည်ဆုံးခေါင်းဆောင်ဖြစ်လာသည်။
- ယမန်နေ့ကျင်းပပြီးစီးသွားသော ရုရှားသမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဗလာဒီမာပူတင်မှာ ဆန္ဒမဲ ၇၃.၉ ရာနှုန်းဖြင့် အပြတ်အသတ် အနိုင်ရရှိသွား ပြီဖြစ်သည်။
ပူတင်အနေဖြင့် စတုတ္ထအကြိမ် သမ္မတရာထူးဖြင့် ရုရှားနိုင်ငံအား ၆-နှစ်ကြာ ဆက်လက် ဦးဆောင်နိုင်မည်ဖြစ်သည်။ ၄င်းအထိ စုစုပေါင်း အာဏာရရှိသည့်အနှစ် ၂၀ နီးပါးရှိမည်ဖြစ်ရာ ယခင် ဆိုဗီယက်ခေါင်းဆောင် ဂျိုးဇက်စတာလင်၏ အုပ်ချုပ်မှု့သက်တမ်း ၃၃-နှစ်နှင့် နှိုင်းယှဉ်စရာဖြစ်လာသည်။
ရုရှား ကေဂျီဘီထောက်လှမ်း အရာရှိဟောင်းပူတင်သည် ၂၀၀၀ ပြည့်နှစ်တွင် စတင်ရွေးချယ်ခံရပြီး ထိုစဉ်က သမ္မတသက်တမ်း ၄ နှစ်ဖြင့် ၂ ကြိမ်းတစ်ဆက်တည်း ရွေးချယ်ခံခံပိုင်ခွင့်မရှိ၍ ၂၀၀၈-ခုနှစ်သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်မရခဲ့ချေ။
၂၀၁၂-ခုနှစ်တွင် ပူတင်ပြန်လည်အရွေးခံရသောအခါ သမ္မတသက်တမ်း ၆-နှစ်ဖြစ်လာပြီး ဆန္ဒမဲ ၆၃.၉ ရာနှုန်းဖြင့် အနိုင်ရရှိခဲ့သည်။
ယခုရွေးကောက်ပွဲတွင် ပူတင်နှင့် အနီးဆုံး ယှဉ်ပြိုင်ဖက် ကွန်မြူနစ်ပါတီမှ စိန်ခေါ်သူ ပါဗယ်ဂရူဒီနင်မှာ ဆန္ဒမဲ ၁၁.၂ ရာခိုင်နှုန်းသာရရှိသည်။
ပူတင်၏ အဓိက ယှဉ်ပြိုင်ဖက် အလက်ဆီ နာဗယ်လီမှာ အကျင့်ပျက်ခြစားမှု့ဖြင့် စွပ်စွဲခံရပြီး ရွေးကောက်ပွဲ ဝင်ခွင့်မရရှိခဲ့ချေ။
ပူတင်သည် အမျိုးသားလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်ဖြစ်သည်။
Htay Oung
No comments:
Post a Comment