Latest News

Saturday, March 17, 2018

တရုတ်နိုင်ငံသားတစ်ဦး ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွား

တရုတ်နိုင်ငံသားတစ်ဦး ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွား


ဝိုင်းမော် မတ် ၁၇

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဆဒုံးမြို့တွင် မတ်၁၆ရက် နံနက်၈နာရီ၁၅မိနစ်က တရုတ်နိုင်ငံသားတစ်ဦး ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွားကာ တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ယာဉ်မောင်း ထိခိုက်ဒါဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆဒုံးမြို့ ဆဒုံး-ကန်ပိုင်တည် သွားကားလမ်း လမ်းမိုင်တိုင် အမှတ် ၂၈ အင်ဝမ့်ကောင် ကျေးရွာအနီးတောင်ကုန်းအတက်တွင် ကန်ပိုင်တည်မှ ဝိုင်းမော်သို့ ယာဉ်မောင်း ရူပ ၂၈ နှစ် မောင်းနှင်သည့် ၈စ(……) အဖြူရောင် ဒိုင်နာယာဉ်မှာ တောင်အတက်လမ်းသို့ တက်ရောက်မောင်းနှင်လာစဉ် ဝိုင်းမော်ဘက်မှ ကန်ပိုင်တည်ဘက်သို့ တရုတ်နိုင်ငံသား မင်းကွေ့လုံ ၃၇ နှစ် မောင်းနှင်သည့် ထိန်မင်းကုမ္ပဏီမှ CX(……) နံပါတ်ပါ ၂၂ ဘီးတွဲ ယာဉ်သည် ကုန်းဆင်းလမ်းအတိုင်း မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ဒိုင်နာယာဉ်အား မျက်နှာချင်းဆိုင် တိုက်မိသဖြင့် ယာဉ်မောင်းရူပ၏ ဝဲဘက် ခြေသလုံးရိုးကျိုး ဒါဏ်ရာရရှိခဲ့သည်။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ တရုတ်နိုင်ငံ ဟူပယ်ခရိုင် ကွမ်ချွေမြို့နေ မင်းကွေ့လုံ ၃၇ နှစ်အား ဆဒုံးနယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ

No comments:

Post a Comment