Latest News

Monday, March 19, 2018

မိုင်းဖြတ်၌ ရွှေတူးဖော်ရန်ပြင်ဆင်ထားသည့် တရားမဝင် ပစ္စည်းများ ပိုင်ရှင်မဲ့ဖမ်းဆီးရမိ

မိုင်းဖြတ်၌ ရွှေတူးဖော်ရန်ပြင်ဆင်ထားသည့် တရားမဝင် ပစ္စည်းများ ပိုင်ရှင်မဲ့ဖမ်းဆီးရမိ

မိုင်းဖြတ် မတ် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့၊ ဆားလို့အုပ်စု၊ နမ့်ယောင်းရွာ အနီးရှိ နမ့်ပန်ချောင်းအတွင်း တရားမဝင်ရွှေသတ္တုတူးဖော်ရန် ပြင်ဆင် ထားသော စက်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မတ် ၁၈ ရက် နံနက်ပိုင်းက ပိုင်ရှင်မဲ့ ဖမ်းဆီးရမိသည်။

 ဖြစ်စဉ်မှာ မတ် ၁၈ ရက် နံနက် ၁ဝ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မိုင်းဖြတ်မြို့မရဲစခန်းမှ ဒုရဲမှူး အောင်လင်းခိုင် ဦးစီး၊ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ဟန်မိုးလွင် နှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ မိုင်းဖြတ်မြို့၊ နမ့်ပန်ချောင်းအတွင်း တရားမဝင်ရွှေတူးဖော် နေကြောင်း သတင်းအရ သွားရောက်စုံစမ်းစစ်ဆေးရာ ရဲစခန်းအရှေ့ တောင်ဘက် သုံးမိုင်ခန့်အကွာ ဆားလို့အုပ်စု၊ နမ့်ယောင်းရွာအနီးရှိနမ့်ပန် ချောင်းအတွင်း တရားမဝင်ရွှေသတ္တုတူးဖော်ရန် ပြင်ဆင်ထားသည့် ပိုင်ရှင်မဲ့ ရေငုတ်ဝတ်စုံ တစ်စုံ၊ တရုတ် အင်ဂျင်စက် တစ်လုံး၊ ကွန်ပရက် ဆာ တစ်လုံး၊ လေအိုး တစ်လုံး၊ လေပိုက်ခွေ တစ်ခွေ၊ ပိုက်များ၊ ရွှေစစ်ဇကာ သုံးခုနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိသည်။

 သိမ်းဆည်းရမိပစ္စည်းများအား မိုင်းဖြတ်မြို့မရဲစခန်းက အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)

No comments:

Post a Comment