ရန်ကုန် ဖေဖော်ဝါရီ ၁၉
YBS ယာဉ်လိုင်းသစ်အဖြစ် ယာဉ်လိုင်အမှတ် ၇၈ ဖြင့် လမ်းကြောင်း ခရီးစဉ်သစ်ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် စတင်ပြေးဆွဲခဲ့သည်။
လမ်းကြောင်းသစ် အနေဖြင့် တညင်းကုန်းဘူတာဈေးမှ တညင်းကုန်း လမ်းဆုံ၊ ဖော့ကန်၊ ဘိုကုန်း ၊ အင်းစိန်ပန်းခြံ၊ သမိုင်းလမ်းဆုံ၊ လှည်းတန်း၊ မြေနီကုန်း၊ စံပြ၊ မဟာဗန္ဓုလလမ်း၊ ဆူးလေ ၊ ဘူတာကြီး ဂိတ်ဖျားဖြစ်ပြီးအပြန်ခရီးစဉ်အဖြစ် အနော်ရထာလမ်းမှ လာရာလမ်းအတိုင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်ကို လူထုမိတ်ဆွေ အများပိုင်ယာဉ်လိုင်း ကုမ္ပဏီက ပြေးဆွဲခြင်းဖြစ်ပြီး တရုတ်နိုင်ငံထုတ် ၂ဝ၁၇ ခုနှစ် မော်ဒယ် Foton Bus ယာဉ်စီးရေ ၅ဝ ဖြင့် စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။
ယာဉ်လိုင်း စတင်ပြေးဆွဲခြင်းအနေဖြင့် ဖေဖော်ဝါရီ ၁၈ ရက်တွင်
ခရီးသွားပြည်သူများအား ယာဉ်စီးခ အခမဲ့ပို့ဆောင်ပေးခဲ့ပြီး သံဃာတော်၊ သီလရှင်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကျန်းမာရေး မကောင်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မူလတန်းနှင့် အလယ်တန်းကျောင်းသား၊ ကျောင်းသူများအား ယာဉ်စီးခ နေ့စဉ် အခမဲ့ဖြစ်ကြောင်း သိရသည်။
လူထုမိတ်ဆွေ ကုမ္ပဏီအနေဖြင့် ယခုနှစ်အတွင်း ရွှေပြည်သာ၊ အင်းစိန်လမ်းမကြီးတစ်လျှောက် ခရီးစဉ်များ ထပ်မံပြီးတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ပြီးမကြာမီ ရက်ပိုင်းအတွင်း အနောက်ပိုင်းတက္ကသိုလ်နှင့် ဘူတာကြီးသို့ ပြေးဆွဲမည့် ခရီးစဉ်ဖြစ်သော YBS 93 ယာဉ်လိုင်းကို ထပ်မံပြေးဆွဲသွား မည်ဟု သိရသည်။
The Mirror
No comments:
Post a Comment