Latest News

Sunday, February 11, 2018

မြသလွန်စေတီတော်မှ sunset ကြည့်ရင်း ဘုရားဖူးလာရောက်သူများဖြင့် စည်ကား

မြသလွန်စေတီတော်မှ sunset ကြည့်ရင်း ဘုရားဖူးလာရောက်သူများဖြင့် စည်ကား

မကွေး     ဖေဖော်ဝါရီ     ၁၁

မန်းရွှေစက်တော်ဘုရားပွဲတော် ကာလဖြစ်သည်နှင့်အညီ ဌာန၀န်ထမ်းများ ရုံးပိတ်ရက် အားလပ်ရက်မှာ ဘုရားဖူးရင်းအပန်းဖြေလာရောက်ကြရာ စက်တော်ရာမှအပြန်တွင် မကွေးမြို့ စွန်က မြသလွန်စေတီတော်မြတ် ဘုရားကြီးသို့ ၀င်ရောက်ဖူးမျှော်ကာ ဘုရားကြီးရင်ပြင်တော်နှင့် ဧရာဝတီမြစ်ကမ်းနားမှ sunset ကြည့်ရင်း အပန်းဖြေလာရောက်ကြသော အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများဖြင့် အထူးစည်ကား လျက်ရှိကြောင်း သိရသည်။

ကားလမ်းတွေက ကောင်းနေပြီဆိုတော့ မန္တလေးကနေ မကွေးကို ဘယ်လောက်မှ မမောင်းရတော့ဘူး မကွေးနဲ့ရွှေစက်တော်ကိုလည်း ၁ နာရီပဲမောင်းရတယ် မနက်စောစောထွက် လာတာ ရွှေစက်တော်ကို မနက် ၈ ခွဲမှာရောက်ပြီး ခဏနား ရေချိုး ဘုရားဖူးပေါ့ အေးအေး ဆေးဆေးနားပြီး သူငယ်ချင်းက ပြောထားတာနဲ့ ညနေ ၄ နာရီ စက်တော်ရာက ပြန်ထွက်လာပြီး ၅ နာရီသာသာ မကွေးမြသလွန်ဘုရာကြီး တည်းခိုနားနေဆောင်ကိုရောက်တယ် အချိန်ကိုက်ပဲဗျ နေ၀င်ချိန် ဘုရားကြီးရင်ပြင်တော်နဲ့ ဧရာဝတီမြစ်ကမ်းနားကနေ sunset ကြည့်ရင်း အပန်းဖြေ နားခဲ့တာ ဘုရားကြီးမှာနေပြီး တည်ခိုရတာဆိုတော့ အဆင်ပြေပါတယ် ညမှဘဲ ဘုရာဖူးတော့မယ် ဒီတစ်ပတ်ပိတ်ရက် ခရီးစဉ်လေးက ကျွန်တော်တို့မိသားစုအတွက် ကြည်နူးပျော်ရွှင်စရာပါ ၀န်ထမ်းတွေလဲ ပင်ပန်းကြတယ်လေဟု ဘုရားဖူး အပန်းဖြေ လာရောက်သူ မန္တလေးပြန်/ဆက်ရုံး ၀န်ထမ်း ဦးမြင့်မော်ထွန်းက ပြောသည်။

ယခုတစ်ပတ်တွင် ၀န်ထမ်းများအနေဖြင့် ရုံးပိတ်ရက် ၃ ရက်ဖြင့် တိုက်ဆိုင်သည့်အတွက် တိုင်းဒေသကြီးအတွင်းရှိ မန်းရွှေစက်တော်ရာ ဘုရားသို့ လာရောက်ဖူးမျှော်ရင်း ဆည်တော်အပန်း ဖြေစခန်း၊ ပွင့်ဖြူက ကျောင်းတော်ရာဘုရား၊ မင်းဘူးမှနဂါးပွတ်တောင်၊ စက္ကိန်းတဲဘုရားနှင့် မကွေး မြသလွန်စေတီတော်မြတ်တို့အား ခရီးစဉ်အရ ဖူးမျှော်ခွင့်ရရှိကာ အဆိုပါဘုရားများနှင့် အပန်းဖြေ နားနေစခန်းများတွင် ဒေသခံများနှင့်အနယ်နယ် အရပ်ရပ်မှပြည်သူများ လာရောက်၍ ဘုရားဖူး မျှော်ကာ လေ့လာကြည့်ရှု အပန်းဖြေ လာရောက်ကြသူများဖြင့် အထူးစည်ကားလျှက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)မြန်​မာ့အလင်း

No comments:

Post a Comment