Latest News

Sunday, February 25, 2018

သက်ငယ်မုဒိမ်းမှုအားကြီးလေးသောအပြစ်ဒဏ်ချမှတ်ရေး Photo Campaign ပြုလုပ်

သက်ငယ်မုဒိမ်းမှုအားကြီးလေးသောအပြစ်ဒဏ်ချမှတ်ရေး
Photo Campaign ပြုလုပ်

ပခုက္ကူ  ဖေဖော်ဝါရီ ၂၅

 သက်ငယ်မုဒိမ်းမှုမဖြစ်ပေါ်စေရန်နှင့် သက်ငယ်မုဒိန်းမှုဖြစ်ပေါ်ခဲ့ပါက ကြီးလေးသောအပြစ်ဒဏ်ချမှတ် ပေးရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် Photo Campaign ကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၈နာရီက ပခုက္ကူမြို့၊ မြို့မလမ်းနှင့် ထင်းတန်းလမ်းထောင့် လွတ်လပ်ရေးပန်းခြံ ရှေ့၌ ပြုလုပ်သည်။

 သက်ငယ်မုဒိန်းမှုမဖြစ်ပေါ်စေရန် အသိပညာပေးလက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာ ပြည်သူများအား  ဖြန့်ဝေပေးခြင်း၊ သက်ငယ်မုဒိန်းမှုဖြစ်ပေါ်ခဲ့ပါက ကြီးလေးသောအပြစ်ဒဏ်ချမှတ်ပေးရေး ဆန္ဒပြုလက်မှတ်များ ကောက်ခံခြင်း၊ Photo Campaignတွင် ဓါတ်ပုံဝင်ရောက်ရိုက်ကူးစေခြင်းများ ဆောင်ရွက် ကြသည်။

 အဆိုပါ Photo Campaignကို ဒေသခံလူငယ်များက တရားဝင်ခွင့်ပြုချက်ရယူ၍ ဆောင်ရွက်ခြင်းဖြစ်ပြီး နံနက်ပိုင်းတွင် လွတ်လပ်ရေးပန်းခြံရှေ့နှင့် ညနေ ၃ နာရီမှ ၆ နာရီအထိ ဗိုလ်ချုပ်ပန်းခြံရှေ့တို့တွင် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇော်(ဓာတု)မြန်​မာ့အလင်း

No comments:

Post a Comment