Latest News

Sunday, February 25, 2018

ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်စီးနင်းသူ အမျိုးသားတစ်ဦး သေဆုံး

ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်စီးနင်းသူ အမျိုးသားတစ်ဦး သေဆုံး

ဟိုပင် ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့ ကြာကြီးကွင်းကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၂၄ရက် မွန်းလွဲ၂နာရီခွဲက ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဟိုပင်မြို့ ကြာကြီးကွင်းကျေးရွာအနီး မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် စိန်ပန်းရပ် ဧရာထွန်းရပ်ကွက်နေ ဦးမြင့်အောင်(၆၁)နှစ် မောင်းနှင်လာသည့် NISSAN အမျိုးအစား MDY-7C(----)ယာဉ်အမှတ်ပါ ဆီဘောက်ဆာ မော်တော်ယာဉ်သည် မိုင်တိုင်အမှတ် ကီလိုမီတာ ၃၄၃ အရောက်၌ ဦးကျော်လင်းမောင် (၃၁)နှစ်(လယ်ဦးကျေးရွာမူလတန်းကျောင်းအုပ်ဆရာကြီး)မောင်းနှင်လာ
သည့် KENBO -125 ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ဦးကျော်လင်းမောင်၏ နဖူး၊ ရင်ဘတ်နှင့် ပေါင်ရင်းတို့တွင် ပေါက်ပြဲဒဏ်ရာများနှင့် မေးရိုးကျိုး ဒဏ်ရာရရှိကာ ၎င်းနေရာတွင် သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်နှင်သူ ဦးမြင့်အောင်အား ဟိုပင်မြို့နယ်မြေရဲတပ်ဖွဲ့စခန်းတွင် အရေးယူထားကြောင်း သိရသည်။ဝင်းနိုင် ကချင်မြေ(မြန်​မာ့အလင်း)

No comments:

Post a Comment