Latest News

Monday, February 19, 2018

ပုသိမ်ဆေးရုံကြီးတွင် အမွှာပူးမွေးသည့် ကလေးငယ်တစ်ဦးဗိုက်ထဲ နောက်ထက်သန္ဓေတည်နေမှု ဖြစ်ပွား

ပုသိမ်ဆေးရုံကြီးတွင် အမွှာပူးမွေးသည့် ကလေးငယ်တစ်ဦးဗိုက်ထဲ  နောက်ထက်သန္ဓေတည်နေမှု ဖြစ်ပွား

ပုသိမ်  ဖေဖော်ဝါရီ ၁၉ ရက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင်  အမွှာပူး မွေးဖွားခဲ့ရာ အဆိုပါ အမွှားပူး အငယ်မိန်းကလေး၏ ဗိုက်ထဲတွင် နောက်ထပ်ကလေးငယ်တစ်ဦး သန္ဓေတည်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရ ရှိသည်

ဖြစ်စဉ်မှာ ပုသိမ်မြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာနေ ဦးထွန်းနိုင်ဦးနှင့် ဒေါ်တင်တင်လတ်တို့ ဇနီးမောင်နှံသည် ဇန်နဝါရီလ အတွင်းက ဆေးရုံတွင် အမွှာမိန်းကလေး ၂ ဦးမွေးဖွားခဲ့ရာ အငယ် မိန်းကလေး၏ ဗိုက်တွင် ထူးခြားမှူ့ရှိနေသဖြင့် ဆရာဝန်များမှ ဓါတ်မှန်ရိုက်ကြည့်ခဲ့ရာ ယင်းခလေးငယ်၏ဗိုက်တွင် သန္ဓေတည်မှုတစ်ခု ကိုတွ့ရှိခဲ့သည်

အဆိုပါ ကလေးမှာ  ငယ်နေသေးသော်ကြောင့် ၁ လခန့်စောင့်ကြည့်ခဲ့ပြီး ဖေဖော်ဝါရီလလယ်ခန့်က ယင်းကလေးငယ်အားဗိုက်ခွဲမှူများပြုလုပ်ခဲ့ပြီး  ဆံပင်မျက်နှာကိုယ်အင်္ဂါစုံလင်ပြီး အောက်ပိုင်း မစုံလင်သည့် ကလေးတစ်ဦး ထပ်မံတွေ့ရှိခဲ့ပြီး အသက်ရှင်သန်ခြင်း မရှိခဲ့ကြောင်း မိဘများထံမှ သိရသည်

“ကလေး ၂၉ ရက်ကြာမှ ဗိုက်ခွဲတာမှာ ဆံပင်မျက်နှာ ကိုယ်အင်္ဂါအစုံအလင်ပါတဲ့ နောက်ထပ် ကလေး တစ်ယောက်မွေးခဲ့တာပါ ဒီအဖြစ်အပျက်ကို ကျွန်တော်အပါအဝင် တခြားလူ ၁၀ ယောက်လောက်လည်း တွေ့ခဲ့ပါတယ်။”ဟု ကလေးငယ်၏ ဖခင်ဖြစ်သူ ဦးထွန်းနိုင်ဦးက ပြောသည်

အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး တိုင်းဧရာမှ ထူးခြားဖြစ်မို့ဆေးပညာနှင့်ပက်သက်ပြီးပြောပြပေးနိုင်မလားလို့မေးမြန်းခဲ့တဲ့အခါ
"ရင်ချင်းဆက် အမွှာပူးတွေ ခေါင်းချင်းဆက်အမွှာပူးတွေလည်း မွေးတာပါပဲ ဆေးပညာရပ်အနေနဲ့ ပြောရရင် တော့ အသေးစိတ်ကအစ ပြောရလိမ့်မယ်" ပုသိမ်အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာ မျိုးသန့်ကပြောသည်

၎င်း ဖြစ်စဉ်မှာ လူတစ်သိန်းတွင် တစ်ယောက်ဖြစ်ခဲသည့် ဖြစ်ရပ် ဖြစ်သည့်အတွက် ထူးခြားနေသော်လည်း ဆေးပညာသဘောအရ ဖြစ်လေ့ဖြစ်ထရှိသည့်အတွက် ထူးခြား ဖြစ်စဉ်တစ်ခု မဟုတ်ကြောင်း ၎င်းကအဆိုပါကိစ္စနှင့်ပက်သက်၍ဆက်လက်ရှင်းပြသည်


လက်ရှိတွင်  ကလေးရောမိခင်ပါ ကျန်းမာလျက်ရှိသဖြင့် ပုသိမ်အထွေထွေရောဂါကုဆေးရုံမှ ဆင်းသွားပြီး နေရပ် ပျဉ်းကတိုးကုန်းကျေးရွာတွင် ပြန်လည်နေထိုင်လျက်ရှိကြောင်း ပုသိမ်အထွေထွေရောဂါကုဆေးရုံထံမှသိရသည်

သတင်းထောက် ရွှေရည်ဝင်း(တိုင်းဧရာ)

No comments:

Post a Comment