Latest News

Monday, February 19, 2018

မန်းရွှေစက်တော်ဘုရားရှိ ပုသိမ်၊ မုံရွာ တိုက်တန်း မီးလောင်မှုဖြစ်ပွား

မန်းရွှေစက်တော်ဘုရားရှိ ပုသိမ်၊ မုံရွာ တိုက်တန်း မီးလောင်မှုဖြစ်ပွား

မင်းဘူး ဖေဖော်ဝါရီ  ၁၉

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား အထက်ခြေတော်ရာ တောင်ခြေ မန်းချောင်းနံဘေးရှိ ပုသိမ်၊ မုံရွာ တိုက်တွင် ဖေဖော်ဝါရီ ၁၉ရက် နေ့လယ် ၃နာရီခန့်ကမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မီးလောင်ရခြင်းအကြောင်းအရင်းမှာ အဆောက်အအုံ မျက်နှာကျက်ရှိ ဝိုင်ယာကြိုး ပေါက်ပြီး ရှော့ဖြစ်ကာ မီးပွားများက အောက်ဘက်ရှိသော မွေ့ယာနှင့်စောင်များပေါ်သို့ ကျရောက်ပြီး မီးလောင်မှုဖြစ်ပွားရခြင်း ဖြစ်ကြောင်း မင်းဘူးမြို့နယ် မီးသတ်ဦးစီးဌာန  ဦးစီးမှူး ဦးထွန်းထွန်းက ပြောသည်။

အဆိုပါ မီးလောင်သောနေရာသို့တည်းခိုဆောင်လုပ်ငန်းလုပ်ကိုင်သူများ၊ ဈေးသည်များနှင့်  ဘုရားဖူးပြည်သူများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်   ၁၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၅ ဦးတို့ ပူးပေါင်းပြီး မီးသတ်ယာဉ်နှစ်စီး၊ ဒိုင်းရှင်းရေစုပ်စက်သုံးလုံးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၃ နာရီ ၁ဝ မိနစ်ခန့်တွင်မီးငြိမ်းသွားကြောင်း သိရသည်။မေသူလွင် (မကွေး-ကိုယ်ပွား)

No comments:

Post a Comment