Latest News

Monday, February 19, 2018

သဲကျောက်ထုတ်လုပ်ငန်းအကြောင်းပြု၍ ရွှေကျင်နေသူများကြောင့် ဧရာဝတီမြစ်ကြောင်း ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်

သဲကျောက်ထုတ်လုပ်ငန်းအကြောင်းပြု၍ ရွှေကျင်နေသူများကြောင့် ဧရာဝတီမြစ်ကြောင်း ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၉

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ နောင်နန်းကျေးရွာအုပ်စု၊ ရိုစနာကျေးရွာအနီးရှိ ဧရာဝတီမြစ်ကမ်းပါးတွင် သဲကျောက်ထုတ်လုပ်ခြင်း လုပ်ငန်းကို အကြောင်းပြု၍ ရွှေကျင်ရွှေထုတ်လုပ်ခြင်းများ လုပ်ဆောင်နေ ခြင်းကြောင့် သဘာဝအတိုင်းတည်ရှိသည့် ဧရာဝတီမြစ်ကြောင်းများ ပြောင်းလည်းလာနိုင်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

"ဧရာဝတီမြစ်မှာ သဲကျောက်ထုတ်လုပ်ခွင့်ပြုလိုက်ပြီဆိုတာသိတာနဲ့ ရွှေကျင်တဲ့သူတွေ၊ရွှေထုတ်တဲ့လူတွေ စီးပွားရေး သမားတွေ လာတော့မယ် ဆိုတာသိနေတယ်၊အခုတော့ သဲကျောက်ထုတ်လုပ်ခွင့် ရရှိတာ လုပ်ငန်းရှင် ၁၂ ဦးပါ၊သူတို့ကတော့ အဓိက သဲကျောက်ထုတ် လုပ်ပြီး မိုးရာသီရောက်တဲ့အချိန်မှာ ဈေးကောင်းကောင်းနဲ့ရောင်းစားဖို့ စုဆောင်းတယ်လို့သိရတယ်၊ ဒါပေမယ့် အခုဖြစ်နေတာက စီးပွားရေးသမားတွေလာပြီးတော့ သဲကျောက်ထုတ်လုပ်ငန်းကို အမီပြုပြီး ရွှေကျင်နေကြတာဗျာ၊ တစ်ရက်ကို လူအင်အား ၃၀၀ လောက်ရှိမယ်၊ တစ်ဖက်ကမ်းမှာတော့ လဘန် ဆိုတဲ့ရွာလေးရှိပါတယ်၊အဲဒီလို ဧရာဝတီမြစ်ကြီး မှာ ကျောက်ထုတ်၊ရွှေကျင်နဲ့ တစ်ဖက်ကမ်းကို ဒီအတိုင်းလက်ပစ်ကူးသွားလို့ကိုရနေပြီ၊ဧရာဝတီမြစ်ကြီးက အဲဒီလိုဖြစ်နေတာ" ဟုဒေသခံပြည်သူတစ်ဦးက ရှင်းလင်းပြောကြားသည်။
အဆိုပါ သဲကျောက်ထုတ်ခြင်းနှင့် ရွှေကျင်ရွှေမျောထုတ်လုပ်ခြင်း များကြောင့် ဧရာဝတီမြစ်ကမ်းပါးများ တိုက်စားပျက်ဆီးသွားခဲ့ပြီး ယခုအခါ မြစ်အတွင်း ကျင်းများ၊ချိုင့်များ၊အိုင်များနှင့် ပြည့်နှက်လျက်ရှိကာ ကျောက်ထုတ် ရွှေထုတ်လုပ်ငန်းအတွက်လည်း စက်ယန္တယားများအဖြစ် မြေတူးမြေကော်စက်ကြီး ၁၀ စီးခန့် အသုံးပြုခြင်းများကြောင့် မကြာမီကာလတွင် ဧရာဝတီမြစ်ကြီး ပိုမိုဆိုးရွားစွာဖြင့် သဘာဝအလှတရားများ ပျက်ဆီးလာနိုင်ဖွယ်ရှိကြောင်း ကျေးရွာနေ ပြည်သူများက ပြောကြားသည်။ဝင်းနိုင် ကချင်မြေ(မြန်​မာ့အလင်း)

No comments:

Post a Comment