ပိုင်ရှင်မဲ့ ကျည်ဆန် ၁၁၆ တောင့် တွေ့ 
ရန်ကုန်၊ ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ နယ်ရှိ မိုင်ဒါကွင်း အုတ်တံတိုင်းနံရံအနားမှာ ကျည်ဆန်အတောင့် ၁၁၆ တောင့်ကို မနေ့က တွေ့ရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းနေတယ်လို့ သိရကြောင်း ဒဂုံမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦိးကျော်ဇေယျက ပြောပါတယ်။
''ရဲစခန်းကတော့ သူတို့အနေနဲ့ တိုင်းအစိုးရ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးကိုလည်း အကြောင်းကြားထားပြီးပြီ။ သူကလည်း အတည်ပြုတယ်။ ကျွန်တော်တို့ ဆက်လက်စုံစမ်းခိုင်းထားပါတယ်လို့ ကျွန်တော့်ကို ပြောပါတယ်။ မနေ့က ၂ နာရီလောက်ကတွေ့ တာလို့ သိရတယ်''လို့ သူကဆိုပါတယ်။
ဒဂုံမြို့ မရဲစခန်းမှ တာဝန်ရှိသူကတော့ ''လက်ရှိမှာ ဒဂုံမြို့ မရဲစခန်းမှာသိမ်းထားပါတယ်။ ကျည်ဆန်က ၁၁၆ တောင့်ပါ။ အုတ်နံရံနားမှာ တွေ့ တာပါ။ လက်နက်ခဲယမ်းကျွမ်းကျင်သူတွေ ခေါ်ထားတယ် မလာသေးလို့ ဘာကျည်ဆန်လဲဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။ အမှုမဖွင့်ထားဘူး ပိုင်ရှင်မဲ့ပါ။ ကျည်ဆန်တွေကတော့ အကောင်းတွေဗျ။ အခွံတွေမဟုတ်ဘူး'' လို့ ပြောပါတယ်။
ဓာတ်ပုံ - အင်တာနက်
Popular News
No comments:
Post a Comment