Latest News

Monday, February 26, 2018

မြောက်ကိုရီးယား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားသို့ ရောက်ရှိ

မြောက်ကိုရီးယား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားသို့ ရောက်ရှိ

ပြုံယမ်း ဖေဖော်ဝါရီ ၂၅

တောင်ကိုရီးယားနိုင်ငံ၌ကျင်းပသည့် ပြုံချမ်းအိုလံပစ်အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန် မြောက်ကိုရီးယား အဆင့်မြင့်အရာရှိကိုယ်စားလှယ်အဖွဲ့  တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။

ကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယားမှ အာဏာရအလုပ်သမားပါတီ၏ဒုတိယဥက္ကဋ္ဌ ကင်ယောင်ချိုက ဦးဆောင်ခဲ့သည်။အဖွဲ့ဝင်ရှစ်ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တနင်္ဂနွေနေ့နံနက်ပိုင်းတွင် ရောက်ရှိလာခဲ့သည်။

ကင်သည် လက်ရှိတွင်ကိုရီးယားနှစ်နိုင်ငံကိစ္စရပ်များကို စီမံòန်ကြားနေသူဖြစ်ပြီး မြောက်ကိုရီးယား၏စစ်ရေးထောက်လှမ်း မှုအေဂျင်စီကို ဦးဆောင်ခဲ့ဖူးသူဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့ဝင်များတွင် ကိုရီးယားငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကော်မတီအကြီးအကဲ ရီဆန်ဂွန်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ မြောက်အမေရိကရေးရာဗျူရို၏ ဒုတိယအထွေထွေòန်ကြားရေးမှူး ချိုကန်အီတို့ ပါဝင်သည်။

မြောက်ကိုရီးယားမှစေလွှတ်လိုက်သည့်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား တောင်ကိုရီးယား ဒုတိယပြန်လည်ပေါင်းစည်း          ရေးဝန်ကြီး ချန်ဟယ်ဆန်က ကြိုဆိုခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့သည် ညနေခင်းမတိုင်မီတွင် ဆိုးလ်ရှိဟိုတယ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ အဖွဲ့ဝင်များသည် သုံးရက်ကြာ ခရီးစဉ်အတွင်း  တောင်ကိုရီးယားသမ္မတမွန်ဂျယ်အင်းနှင့် တွေ့ဆုံဆွေးနွေးကြရန်စီစဉ်ထားကြောင်း သိရသည်။
မြန်​မာ့အလင်း

No comments:

Post a Comment