ကျွဲ၊ နွားအရှင်များ ပြည်ပတင်ပို့ရာတွင် သတ်မှတ်ချက်များ ဖောက်ဖျက်ပါက အရေးယူသွားမည်
နေပြည်တော် ဖေဖော်ဝါရီ ၂၅
ကျွဲ၊ နွား အရှင်များကို ပြည်ပသို့တင်ပို့ရာတွင် တစ်နိုင် တစ်ပိုင် မွေးမြူရေးခြံများနှင့် စီးပွားဖြစ်ခြံများအနေဖြင့် ပြည်တွင်းစားသုံးမှုနှင့် လုပ်ငန်းခွင်အသုံးပြုမှုကို မထိ ခိုက်စေဘဲ တည်ဆဲဥပဒေသတ်မှတ်ချက်များအတိုင်းသာ ပြည်ပသို့ တင်ပို့ခွင့်ပြုထားပြီး စည်းကမ်းဖောက် ဖျက်ပါက အရေးယူသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
အဆိုပါ သတ်မှတ်ချက်များတွင် ကျွဲ၊ နွားအရှင် ပြည်ပတင်ပို့ရန်အတွက် တိရ္ဆာန်ကျန်းမာရေး အထောက်အထားလက်မှတ်ပေါင်းချုပ် ပါရှိရန်၊ ယာယီ သယ်ဆောင်စုရပ်သို့ စစ်ဆေးခံခြင်းနှင့် အတည်ပြု အမှတ် ထည့်သွင်းရန်၊ သယ်ဆောင်ရာလမ်းကြောင်းရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန သတ်မှတ်သည့် ကြား စခန်းတွင် စစ်ဆေးခံရန် စသည့် အချက်များကို သတ် မှတ်ထားသည့်အပြင် တိရ္ဆာန် ထိန်းသိမ်းစောင့်ကြည့် ရေးစခန်းတွင် ကျန်းမာရေး စစ်ဆေးမှုခံယူမည်ဖြစ် ကြောင်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ တည်ဆဲဥပဒေများကို လိုက်နာမည်ဖြစ်ကြောင်း ဝန်ခံ ချက်ပါရှိရမည်ဟု ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။
ဦးရန်နိုင်ထွန်းက ''စစ်ဆေးရေးစခန်းတွေက မ္တလေး-မူဆယ်လမ်းကြောင်းနဲ့ ရန်ကုန်-မြဝတီလမ်း ကြောင်းဆိုပြီး နှစ်ခုရှိတယ်၊ မ္တလေး-မူဆယ် လမ်း ကြောင်းမှာ ကြားစခန်းတွေဖြစ်တဲ့ ၁၆ မိုင် စစ်ဆေး ရေးစခန်း၊ ရေပူနဲ့ မူဆယ် ၁ဝ၅မိုင် ကုန်သွယ်ရေးဇုန် ဖြစ် တယ်၊ ရန်ကုန်-မြဝတီ ကတော့ မရမ်းချောင်းနဲ့ မြဝတီ ကုန်သွယ်ရေးဇုန်တို့မှာ ထားရှိထားတယ်၊ ပြည်ပတစ် ကြိမ်တင်ပို့ခွင့် ကောင်ရေ ၁ဝဝ သတ်မှတ်ထားသလို ခွင့်ပြုကောင်ရေကိုလည်း တစ်ကြိမ်တည်းပဲ သတ်မှတ် ထားတယ်၊ ဒါတွေကို တည်ဆဲဥပဒေတိုင်း လိုက်နာဖို့ လိုအပ်တယ်”''ဟု ပြောသည်။
ကျွဲ၊ နွား(အရှင်) များကို ပြည်ပတင်ပို့ကြရာတွင် မွန်ပြည်နယ်၊ ပဲခူး၊ မကွေး၊ မ္တလေး၊ စစ်ကိုင်းတိုင်း ဒေသကြီးများနှင့် ရှမ်းပြည်နယ်တို့မှ မြို့နယ်အလိုက် တိ၊ မွေး၊ ကု (ယာယီ) စစ်ဆေးရေးစခန်းများတွင် ဝယ်ယူစုဆောင်းကြပြီး ပြည်ပသို့တင်ပို့ရန်အတွက် တိရ္ဆာန်ကျန်းမာရေး စစ်ဆေးပြီးကြောင်း၊ တိုင်းဒေသ ကြီး၊ ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ တိရ္ဆာန်ကျန်းမာရေးထောက်ခံချက်၊ သယ်ဆောင် ခွင့်အထောက်အထား၊ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၏ ဒေသ ကျွဲ၊ နွား(အရှင်)များ ပြည်ပသို့ တင်ပို့ ရောင်းချခွင့် ထောက်ခံချက်များနှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန၊ ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲတွင် ပို့ကုန်လိုင်စင် လျှောက်ထား ရယူနိုင်ကြောင်း သိရသည်။
''ကျွဲ၊ နွား အရှင်တစ်ကောင် ဝယ်ယူသယ်ယူကုန်ကျ စရိတ်က ၁၆ သိန်းကျော် ကုန်တယ်၊ တစ်ဖက် ပြန် ရောင်းရင် တစ်ကောင်ကို သုံးသိန်းကျော်မြတ်တယ်၊ ဒါပေမယ့် အခုကြုံတွေ့နေရတဲ့ အခက်အခဲက မြို့နယ် တွေကနေ ကျေးရွာအထိ လိုက်ဝယ်ရတဲ့အခါ လိုအပ် သလောက်ဝယ်ယူလို့မရတဲ့ ပြဿနာကြုံနေရတယ်၊ ကျေးရွာအများစုက နွားကို တစ်ပိုင်တစ်နိုင်ပဲ မွေးတာ များတော့ စီးပွားဖြစ်ခြံတွေဖြစ်လာဖို့ လိုအပ်နေသေး တယ်၊ ဒါကြောင့် ကုန်ကြမ်းရှားပါးမှုကို ဖြည့်ဆည်းနိုင် ဖို့လည်း လိုအပ်တယ်'' ဟု ကျွဲ၊ နွား ရောင်းဝယ်ရေးကုန် သည် ဦးဟန်မော်က ပြောသည်။
လက်ရှိ တရုတ်နိုင်ငံသို့ တင်ပို့မှုပြုထားသည့် ကာလ အတွင်း လယ်ယာလုပ်ငန်းခွင်များတွင် အသုံးပြုသည့် ခိုင်းကျွဲ၊ နွား တစ်ရှဉ်း(နှစ်ကောင်)လျှင် ကျပ်သိန်း ၂ဝ ကျော်ဈေးအထိ မြင့်တက်လာခြင်းကြောင့် လုပ်ငန်း ခွင်တွင် အသုံးပြုလိုသည့်တောင်သူများအတွက် အခက် အခဲများ ရှိလာကြောင်း သိရသည်။
ကျွဲ၊ နွား မွေးမြူရေးလုပ်ကိုင်သူများအနေဖြင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်ပါ ရရှိစေ ရန်နှင့် ပြည်ပသို့ တရားမဝင် ကျွဲ၊ နွားတင်ပို့ ရောင်းချမှု များ ပပျောက်သွားစေရန် ရည်ရွယ်၍ ကျွဲ၊ နွား (အရှင်) ပြည်ပတရားဝင်တင်ပို့ခွင့်ကို ၂ဝ၁၇ ခုနှစ် အောက်တို ဘာ ၉ ရက်မှ စတင်ကာ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ သတင်း-ဇာလင်းသူ(AMIA)
ဓာတ်ပုံ-ထက်အောင်(AMIA)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment