Latest News

Wednesday, February 7, 2018

ယခုနှစ် ဆောင်းပြောင်း အထွက်နှုန်းကောင်းနိုင်

ယခုနှစ် ဆောင်းပြောင်း အထွက်နှုန်းကောင်းနိုင်

မန္တလေး ဖေဖော်ဝါရီ ၇

မန္တလေးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့၌ မိုးအနည်းငယ် ရွာခဲ့သဖြင့် ဆောင်းပြောင်း ပေါ်ချိန်တွင် အထွက်နှုန်း ကောင်းမွန်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံပြောင်း စိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်သူများ အသင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ကျော်ထံမှ သိရသည်။

အဆိုပါ ဒေသများ၌ ဆောင်းပြောင်းကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးရာ သုံးလမှ လေးလအတွင်း မျိုးပေါ်မူတည်၍ ထွက်ရှိလေ့ရှိပြီး မတ်လအတွင်း ထွက်ရှိမည်ဖြစ်ကြောင်း  သိရသည်။ ''အခု ရေကပြဿနာ မရှိဘူး။

ပိုးမွှား အန္တရာယ်က အဓိကပါပဲ။ ပိုးမွှားအန္တရာယ် သာမကျရောက်ရင် ရာနှုန်းပြည့် အထွက်ကောင်းနိုင်မယ် ထင်ပါတယ်'' ဟု ဦးအောင် ကျော်ကျော်က ပြောသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် (မြောက်ပိုင်း)တို့၌ ဇွန်လမှ စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် ရိတ်သိမ်းသည့် မိုးပြောင်းကို အဓိကထား စိုက်ပျိုးကြောင်း၊ ပြီးခဲ့သည့်နှစ် နှစ်ခန့်က တရုတ်နိုင်ငံမှ ပြောင်းဝယ်ယူမှု ကန့်သတ်ခဲ့သည့် အတွက် ပြောင်းဈေးနှုန်း များကျဆင်းခဲ့ရာ ပြည်တွင်း၌ ပြောင်းစိုက် ဧကလျော့နည်း စိုက်ပျိုးခဲ့ရာမှ ယခုနှစ်အတွင်း ပြောင်းစိုက်ဧက လျော့နည်းခြင်းနှင့် ပြောင်းလက်ကျန် နည်းပါးခဲ့သည်။

ယမန်နှစ်က အစေ့ထုတ်ပြောင်း တစ်ပိဿာလျှင် ငွေကျပ် ၂၉ဝ ဝန်းကျင် ရှိခဲ့ရာမှ လတ်တလောတွင် ငွေကျပ် ၅၂ဝ အထိ ဈေးနှုန်းမြင့်မားလာကြောင်း သိရသည်။(MWD)

No comments:

Post a Comment