Latest News

Monday, February 26, 2018

မော်လိုက်မြို့ ဆိပ်ကမ်းပြုပြင်ထိန်းသိမ်းခြင်းနှင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေး

မော်လိုက်မြို့ ဆိပ်ကမ်းပြုပြင်ထိန်းသိမ်းခြင်းနှင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေး

မော်လိုက်ဖေဖေါ်ဝါရီ ၂၆

 စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်နေသောဆိပ်ကမ်းပြုပြင်ထိန်းသိမ်းခြင်းနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအချိန်မီပြီးစီးရေးကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုသိန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကျော်စိုး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့် မြို့မိမြို့ဖများပါဝင်သောအဖွဲ့သည် မော်လိုက်မြို့ ဆိပ်ကမ်းပြုပြင်ထိန်းသိမ်းခြင်းနှင့် စွယ်တော်ရပ်ကွက်တွင် ဆောင်ရွက်နေသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင်  အရည်အသွေးပြည့်မီရေး၊ လုပ်ငန်းများ မိုးမကျမီပြီးစီးရေးနှင့် ခိုင်ခန့်ကောင်းမွန်စေရေးတို့အတွက် အထူးကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
 အဆိုပါတိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၅၀၀)ဖြင့် ပေ(၂၈၅၀)ရှိ ဆိပ်ကမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် စွယ်တော်ရပ်ကွက်ရှိ ပေ(၅၃၅)ပေရှိ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို လည်းကောင်း၊ တပ်ကုန်းကျေးရွာတွင် ခွင့်ပြုငွေ ကျပ်သန်း(၃၀၀)၊ ညောင်ဝန်းကျေးရွာတွင် ခွင့်ပြုငွေ ကျပ်သန်း(၂၅၀)၊ ကြာအင်းကျေးရွာတွင် ခွင့်ပြုငွေ ကျပ်သန်း(၃၀၀)တို့ဖြင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း (၄)ခုအား ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက် ရှိပြီး လုပ်ငန်းများအား ၂၀၁၈ ခုနှစ် မတ်လကုန်ပြီးစီးနိုင်ရန် ခန့်မှန်းထားကြောင်း ရေမြစ်ဖြိုးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မြတ် ထံမှ သိရသည်။
မော်လိုက်သားလေး(မြန်​မာ့အလင်း)

No comments:

Post a Comment