Latest News

Sunday, February 4, 2018

ဇန်နဝါရီဈေးကွက်တွင် ပရီမီယာလိဂ်အသင်းများ ပေါင်သန်း ၄၃ဝ အထိ သုံးစွဲခဲ့ပြီး ဈေးကွက်ပိတ်ရက် တစ်ရက်တည်းမှာပင် ပေါင်သန်း ၁၅ဝ သုံးစွဲခဲ့

ဇန်နဝါရီဈေးကွက်တွင် ပရီမီယာလိဂ်အသင်းများ ပေါင်သန်း ၄၃ဝ အထိ သုံးစွဲခဲ့ပြီး ဈေးကွက်ပိတ်ရက် တစ်ရက်တည်းမှာပင် ပေါင်သန်း ၁၅ဝ သုံးစွဲခဲ့

ပရီမီယာလိဂ်ကလပ်အသင်းတွေဟာ     ဇန်နဝါရီ ဈေးကွက်တစ်လအတွင်းမှာ   ပေါင်သန်း ၄၃ဝ အထိ သုံးစွဲခဲ့တာဖြစ်ပြီး ဈေးကွက်ပိတ်မယ့် နောက်ဆုံးတစ်ရက် တည်းမှာပဲ  ပေါင်သန်း  ၁၅ဝ အထိ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

ဈေးကွက်ပိတ်ရက်ရဲ့ ဈေးအကြီးဆုံးကစားသမား ကတော့ အူဘာမီယန်ဖြစ်လာခဲ့ပြီး ပေါင် ၅၆ သန်းနဲ့ ဒေါ့မွန်အသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ လာခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ပီအက်စ်ဂျီ ကစား သမား လူးကတ်မိုရာကို စပါးအသင်းက ပေါင် ၂၅ သန်းနဲ့ ခေါ်ယူခဲ့သလို    ဂျရူးနဲ့ အန်ဒရီအာယူးတို့ဟာလည်း ချယ်လ်ဆီးအသင်းနဲ့ ဆွမ်ဆီးအသင်းတို့ကို ပေါင် ၁၈ သန်းစီနဲ့ အသီးသီးပြောင်းရွှေ့ခဲ့ကြတာဖြစ်ပါတယ်။

အူဘာမီယန်ဟာ အာဆင်နယ်အသင်းကို ပြောင်း ခဲ့ပြီး ချယ်လ်ဆီးတိုက်စစ်မှူး ဘတ်ရှူယာယီက ဒေါ့မွန် အသင်းကို အငှားနဲ့ သွားရောက်ခဲ့ပါတယ်။ ချယ်လ်ဆီးက အာဆင်နယ်တိုက်စစ်မှူး    ဂျရူးကို ခေါ်ယူခဲ့ပါတယ်။ အာဆင်နယ်ဟာ ဆန်းချက်ဇ်ကို မန်ယူရောင်းထုတ်ပြီး မန်ယူကွင်းလယ်ကစားသမား မစ်ခီတာယန်ကို အစားထိုး ခေါ်ယူခဲ့ပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့ကာလရဲ့  ဈေးအကြီးဆုံး ကစားသမားအပြောင်းအရွှေ့တွေကို   ကြည့်မယ်ဆိုရင် ဗန်ဒစ်ခ်ဟာ ဆောက်သမ်တန်ကနေ လီဗာပူးကို ပေါင် ၇၅ သန်း၊ လာပေါ့တီက ဘီဘာအိုကနေ မန်စီးတီးကို ပေါင် ၅၇ သန်း၊ အူဘာမီယန်က ဒေါ့မွန်ကနေ အာဆင်နယ်ကို ပေါင် ၅၆ သန်း၊    မစ်ခီတာယန်က မန်ယူကနေ အာဆင်နယ်ကို ပေါင် ၃၆ သန်း၊   ဆန်းချက်ဇ်က အာဆင် နယ်ကနေ မန်ယူကို ပေါင် ၃၆ သန်း၊ တိုဆွန်က ဘီဆစ် တက်ကနေ အဲဗာတန်ကို ပေါင် ၂၇ သန်း၊ လူကတ်မိုရာက ပီအက်စ်ဂျီကနေ စပါးကို ပေါင် ၂၃ သန်း၊ အန်ဒရီယန် ဆေးလ်ဗားက  စပို့တင်းလစ္စဘွန်းကနေ လက်စတာကို ပေါင် ၂၂ သန်း၊  ဝဲလ်ကော့က   အာဆင်နယ်ကနေ အဲဗာတန်ကို  ပေါင်သန်း ၂ဝ၊ ကာရီလိုက မိုနာကိုကနေ ဆောက်သမ်တန်ကို ပေါင် ၁၉ သန်း စသဖြင့် အသီးသီး ပြောင်းရွှေ့ခဲ့ကြတာဖြစ်ပါတယ်။   ဇန်နဝါရီဈေးကွက် မှာတော့   ဗန်ဒစ်ခ်ဟာ   ဈေးအကြီးဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

ပရီမီယာလိဂ်ကလပ်အသင်းတွေထဲမှာ  အမှတ်ပေး ဇယားထိပ်ကဦးဆောင်နေတဲ့    မန်စီးတီးအသင်းဟာ ဂွါဒီယိုလာရောက်လာပြီးတဲ့နောက်မှာ ကစားသမား ခေါ်ယူမှုအတွက် ပေါင် ၄၁၈ သန်းအထိ သုံးစွဲခဲ့တာ ဖြစ်ပြီး အခုရာသီတစ်ရာသီတည်းမှာပင် ကစားသမား အသစ်ခေါ်ယူရာမှာ ပေါင် ၂၇၂ သန်းအထိ သုံးစွဲထား ခဲ့တာဖြစ်ပါတယ်။ ဥရောပမှာ ပြိုင်ပွဲငါးရပ်ရဲ့    ဇန်နဝါရီ ဈေးကွက်အတွင်း   ကစားသမားခေါ်ယူမှု ငွေကြေးသုံးစွဲ မှုကိုကြည့်မယ်ဆိုရင်လည်း ပရီမီယာလိဂ်က ပေါင် ၄ဝဝ ကျော်သုံးထားပြီး သုံးစွဲမှုအများဆုံးအဖြစ် ရပ်တည်နေ ပါတယ်။ လာလီဂါက ပေါင်သန်း ၂၅ဝ၊ ဘွန်ဒက်လီဂါ က ပေါင်သန်း ၅ဝ ကျော်၊ ပြင်သစ် ပထမတန်းက ပေါင်သန်း ၅ဝ နဲ့ စီးရီးအေက ပေါင်သန်း ၂ဝ ကျော် စသဖြင့် သုံးစွဲထားခဲ့ကြတာ ဖြစ်ပါတယ်။ ငွေကြယ်​(​ကြေးမှုံ)

No comments:

Post a Comment