Latest News

Saturday, February 10, 2018

ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်

ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနား
တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော်   ဖေဖော်ဝါရီ     ၁ဝ

၂ဝ၁၈ ခုနှစ် (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနားအား ဖေဖော်ဝါရီ ၁၂  ရက်တွင်   နေပြည်တော်ရှိ     မြို့တော်ခန်းမ ဥပစာရင်ပြင်တွင်   ကျင်းပမည်ဖြစ်ရာ   အဆိုပါအခမ်းအနား  ကျင်းပပုံများကို  ယင်းနေ့ နံနက် ၆ နာရီ မိနစ် ၄ဝ မှ စတင်၍ မြန်မာ့ရုပ်မြင်သံကြား MRTV၊ တိုင်းရင်းသား လူမျိုးများရုပ်သံလိုင်း  (NRC)၊  မြန်မာ့အသံရေဒီယိုအစီအစဉ်၊   မြဝတီ (MWD)၊ MWD (Variety)၊ MITV၊ mntv၊ Sky Net Up to Date၊  Sky Net  တိုင်းရင်းသား၊ MIR(Radio)နှင့် MRTV Facebookတို့မှ  တိုက်ရိုက်ထုတ်လွှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment