Latest News

Saturday, February 10, 2018

ကော့သောင်းမြို့ ၌ ပြည်တွင်း ပြည်ပ ခရီးသွားများဖြင့် စည်ကား

ကော့သောင်းမြို့ ၌ ပြည်တွင်း ပြည်ပ ခရီးသွားများဖြင့် စည်ကား

ကော့သောင်း    ဖေဖော်ဝါရီ     ၁ဝ

ခရီးသွားရာသီ ရောက်ရှိပြီဖြစ်သဖြင့် ပင်လယ်ခရီးသွားလုပ်ငန်း     ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ       မြန်မာနိုင်ငံတောင်ပိုင်း   တနင်္သာရီတိုင်းဒေသကြီး ထိုင်း-မြန်မာ နယ်စပ်   ကော့သောင်း မြို့တွင် ပြည်တွင်း ပြည်ပ  ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်မှုဖြင့် စည်ကားလျက်ရှိကြောင်း  သိရသည်။

နိုင်ငံတော်၏    ပွင့်လင်းလာသည့်    စီးပွားရေးမူဝါဒများအရ     ကော့သောင်းဒေသအား     မီးခိုးတိတ်စက်ရုံများရှိရာဒေသ အဖြစ်   ဟိုတယ်နှင့်  ခရီးသွားလုပ်ငန်း  ဖွံ့ဖြိုးတိုးတက်လာရေး ဖော်ဆောင်ချက်များကြောင့်   ယခုအခါ    ကော့သောင်းဒေသ အတွင်း    သဘာဝအလှမပျက်   သာယာလှပသည့်     ပင်လယ် ကျွန်းများတွင်  ခေတ်မီဆန်းသစ်သည့်   ဟိုတယ်များ၊ ရီဆော့ များ၊ ပင်လယ်ရေအောက်  သဘာဝရှုခင်းအလှအပများအား ခံစားရင်း      အနားယူအပန်းဖြေရန်     ကျောင်းပိတ်ရက်ရှည်            
ကာလအတွင်း   လာရောက်လည်ပတ်ကြ သည့်    ပြည်တွင်းခရီးသွားဧည့်သည် မိသားစုများ၊   ရန်ကုန်မြို့နှင့်  ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်း  ဝင်ရောက် လည်ပတ်ကြသည့်  ပြည်ပခရီးသွားများ ဖြင့်   နေ့စဉ်    စည်ကားလျက်ရှိခြင်းဖြစ် ကြောင်း သိရသည်။

အထူးသဖြင့်    မြန်မာနိုင်ငံတွင် သဘာဝအရင်းအမြစ်နှင့် စွမ်းအင်ချွေတာ ရေးနည်းလမ်းများအား   စနစ်တကျ လိုက်နာကျင့်သုံး၍    သဘာဝတရားနှင့် သဟဇာတဖြစ်ရန် ဖန်တီးတည်ဆောက် ထားသော ၂ဝ၁၈   ခုနှစ်   ဇန်နဝါရီလ ကုန်ပိုင်းက   ကျင်းပခဲ့သည့်  အာဆီယံ ခရီးသွားဖိုရမ်တွင် အာဆီယံ အစိမ်းရောင် ဟိုတယ်ဆုသတ်မှတ်ခံရသည့်   ဟိုတယ် ငါးလုံးအနက် ကော့သောင်းမြို့မှ ဟိုတယ် တစ်လုံးပါဝင်သဖြင့် နိုင်ငံတကာတွင် ခရီး သွားဧည့်သည်များ ကော့သောင်းဒေသ ပင်လယ်ကျွန်းများရှိ ရီဆော့ဟိုတယ်များ သို့ အနားယူအပန်းဖြေရန် ပိုမိုစိတ်ဝင်စား      အာရုံစိုက်လာခြင်း၊    သဘာဝအလှမပျက်     ထူးဆန်းအံ့မခန်းဖွယ်ရာ       ပင်လယ် ကြမ်းပြင် ရေအောက်ရှုခင်းများ  ကြည့်ရှု ခံစားလိုခြင်း၊  ရှားပါးလူသားမျိုးနွယ်စု  တစ်မျိုးဖြစ်သည့် မြန်မာနိုင်ငံတောင်ပိုင်း   ပင်လယ်အတွင်း၌သာ တွေ့မြင်ခွင့်ရမည့်    ပင်လယ်ပျော် (ဆလုံ)   တိုင်းရင်းသား လူမျိုးများရှိရာ   ဒေသဖြစ်ခြင်းကြောင့် ဖြစ်သည်ဟု ခရီးသွားလုပ်ငန်းကျွမ်းကျင် သူများက   သုံးသပ်ကြသည်။

များမကြာမီလာမည့် ကာလအတွင်း ဒေသအတွင်း  သဘာဝအလှအပများ ရှိရာ ပင်လယ်ကျွန်းများတွင်   သဘာဝ ခရီးသွားလုပ်ငန်းများ      နိုင်ငံတကာ အသိုင်းအဝိုင်းမှ        ပိုမိုရင်းနှီးမြှုပ်နှံ လုပ်ကိုင်လာကြရေး        ရည်ရွယ်ကာ ကော့သောင်းမြို့တွင်  နိုင်ငံတော်အဆင့် ခရီးသွားနှင့်     ရင်းနှီးမြှုပ်နှံမှုပွဲတော်ကို နိုင်ငံတကာဧည့်သည်များ ၊ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြမည့်    ပြင်တွင်းပြည်ပ   စီးပွား ရေးလုပ်ငန်းရှင်များအား      ဖိတ်ခေါ်၍ စည်ကားသိုက်မြိုက်စွာ       ကျင်းပမည် ဖြစ်ရာ    တစ်စတစ်စ   ပိုမိုဖွံ့ဖြိုးတိုးတက် စည်ကားလာရန်       အခြေအနေကောင်း များစွာရှိကြောင်း  ဟိုတယ်နှင့်  ခရီးသွား လုပ်ငန်းရှင်တစ်ဦး၏  သုံးသပ်ချက်အရ  သိရသည်။
 ကျော်စိုး (ကော့သောင်း)မြန်​မာ့အလင်း

No comments:

Post a Comment