Latest News

Friday, February 23, 2018

(ဇာတိမြေ) ရုပ်ရှင်ဇာတ်ကားသည်သမိုင်းမှတ်တိုင်တစ်ခုအဖြစ်နဲ့တင်ကျန်ရစ်ခဲ့လိမ့် မည်ဟု ၀န်ကြီး ချုပ်ဦးဖြိုးမင်းသိန်းကပြောကြား

(ဇာတိမြေ) ရုပ်ရှင်ဇာတ်ကားသည်သမိုင်းမှတ်တိုင်တစ်ခုအဖြစ်နဲ့တင်ကျန်ရစ်ခဲ့လိမ့် မည်ဟု ၀န်ကြီး ချုပ်ဦးဖြိုးမင်းသိန်းကပြောကြား




ဖေဖော်ဝါရီ ၂၂ ရက်

My Country My Home(ဇာတိမြေ) ရုပ်ရှင်ဇာတ်ကားသည်မိုကရေ စီအရေးတော် ပုံကြီး၏အနှစ်သုံးဆယ်ပြည့်အဖြစ်အမှတ်တရသမိုင်းမှတ်တိုင်တစ်ခုအဖြစ်နဲ့တင်ကျန်ရစ်ခဲ့လိမ့် မည်ဟုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းကပြောကြားသည်။

ယနေ့ညပိုင်းတွင်ရန်ကုန်မြို့၊သမ္မတရုပ်ရှင်ရုံ ကြီး၌ပြုလုပ်သည့်My Country My Home (ဇာတိမြေ)ရုပ်ရှင်ဇာတ်ကားကြီး Preminer Show အထူးပြပွဲအခမ်းအနားတွင်ဝန်ကြီးချုပ် က အမှတ်တရစကားပြောကြားစဉ်အထက်ပါအတိုင်းပြောကြားခဲ့သည်​။

"ဒီရုပ်ရှင်ကားကကျွန်တော်တို့အားလုံးကို အတိတ်ကိုပြန်သတိရစရာတွေ၊အောင့်မေ့စရာ  တွေ၊ကျွန်တော်တို့သူငယ်ချင်းတွေကိုသတိရ စရာတွေကြုံနိုင်ပါတယ်။ဒီထဲမှာကျွန်တော်တို့ နဲ့သက်တူရွယ်တူဖြတ်သန်းခဲ့တဲ့သူတွေအားလုံးလည်းဒီသမိုင်းမှာပါခဲ့ကြမှာဖြစ်ပါတယ်။ဒီဟာ ကမြန်မာနိုင်ငံရဲ့သမိုင်းတစ်ကွေ့၊လှုပ်ရှားမှုတစ် ရပ်ပဲဖြစ်ပါတယ်ဒီလှုပ်ရှားမှုကိုအခြေပြုထားတဲ့အတွက်ဒီရုပ်ရှင်ကားဟာမိုကရေ စီအရေးတော် ပုံကြီးရဲ့အနှစ်သုံးဆယ်မှာအမှတ်တရသမိုင်း မှတ်တိုင်တစ်ခုအဖြစ်နဲ့တင်ကျန်ရစ်ခဲ့လိမ့်မယ် လို့ပြောကြားရင်းနိဂုံးချုပ်ပါတယ်"ဟုဝန်ကြီး ချုပ်ကပြောကြားခဲ့သည်။

အတိတ်ကိုပြန်ကြည့်ပြီးဒေါသမသင့်ကြဘဲ သင်္ခန်းစာယူပြီးမြန်မာနိုင်ငံကိုယင်းကဲ့သို့အခြေ အနေများမဖြစ်ပေါ်စေရန်ကြိုးပမ်းကြရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပြုပြင်ပြောင်းလဲမှုတွက်ပေးဆပ်ပြီးလှုပ်ရှားခဲ့ ကြသူများစွားရှိကြောင်းယင်းတို့အထဲမှအခြား နိုင်ငံများသို့အကြောင်းနိုင်ငံရေးနှင့်ပတ်သက်ပြီးအမျိုးမျိုးဖြင့်ရောက် ရှိနေကြသူများမှာမွေးရပ် မြေသို့ပြန်ချင်သော်လည်းပြန်မရောက်နိုင်ကြသူ များစွာရှိကြောင်းယခုယင်းလှုပ်ရှယးမှု၏နှစ် ၃၀ ပြည့်အချိန်တွင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂုလ်ဒေါ် အောင်ဆန်းစုကြည်၏ဥာဏ်အမြှော်အမြင်ကြီး မားမှုနှင်ပြည်သူလူထု၏တစ်ခဲနက်မဲပေးရွေး ချယ်မှုတို့ဖြင့်မြန်မာနိင်ငံသည်ပြုပြင်ပြောင်းလဲ မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆက် လက်ပြော ကြားသည်။

အဆိုပါအခမ်းအနားသို့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်များ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊၈၈မျိုး ဆက်များ၊အနုပညာရှင်များ၊ဂျပန်နိုင်ငံမှပညာရှင်များနှင့်ဖိတ်ကြားထားသည့်ဧည့်သည်များတက်ရောက်ကြည့်ရှုအားပေးခဲ့ကြ သည်။

YRG Info:

No comments:

Post a Comment