Saturday, February 3, 2018
ဗုဒ္ဓဂါယာ ဘုရားဖူးများအား လက်စားချေ သည့် အနေဖြင့် တိုက်ခိုက်ရန် ကြံစည်သူများ အား အိန္ဒိယ ရဲအဖွဲ့မှ ဖမ်းဆီးရမိ
ဂျမားတူးလ် မူဂျာဟီဒင်ဘဘင်္ဂလားဒေ့ရှ် Jamatul Mujahideen Bangladesh (JMB) အဖွဲ့မှ
မြန်မာနိုင်ငံအတွင်း အသတ်ခံခဲ့ရသော ဘင်္ဂါလီ
များအတွက် လက်စားချေသည့် အနေဖြင့် အိန္ဒိယ နိုင်ငံတ၀ှမ်းရှိ ဗုဒ္ဓဘာသာ ဘုရားဖူးများကို
ပြစ်မှတ်ထားလာခဲ့ကြသည်။
အဆိုပါအကြောင်းအား ဂျန်န၀ါရီ ၁၉ ရက်နေ့က ဒလိုင်လာမား၏ ဗုဒ္ဓဂါယာ ခရီးစဉ်အတွင်း
ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်းနှင့်ပါတ်သက်၍ သံသယ ရှိသူ နှစ်ဦးအား ကာလကတ္တားရဲအဖွဲ့မှ
ဖမ်းဆီးရမိခဲ့ရာမှ အထက်ပါအတိုင်း အစစ်ခံခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ထံမှ ပေါက်ကွဲစေတတ်သော အမိုနီယမ်နိုက်ထရိတ် ကီလို ငါးဆယ်ခန့်နှင့် လက်တော့
တလုံးပါ သိမ်းဆည်းရမိခဲ့သည်။
၎င်းတို့၏ အစစ်ခံချက်အရ JMB ထိတ်တန်းခေါင်းဆောင်များ ၂စ၁၆ ခုနှစ်အတွင်း အိန္ဒိယ-
ဘင်္ဂလား နယ်စပ်အနီး အဖမ်းခံခဲ့ရပြီးနောက်ခေါင်းဆောင်သစ် ထပ်မံ ရွေးချယ်ကာ လူသစ်
များ ထပ်မံ စုဆောင်း ခဲ့ကြသည်ဟု ဆိုသည်။
ခေါင်းဆောင်သစ်များက ဘင်္ဂလား အနောက်ပိုင်း ပြည်နယ် နှင့် ဘီဟာရှိ ဗုဒ္ဓဘာသာ ဘုရား
ဖူး သွားရာ လမ်းကြောင်းများကို တိုက်ခိုက်ရန်စီစဉ်ခဲ့ကြသည်ဟု ဆိုသည်။
အဖွဲ့ငယ် ရှစ်ခု ဖွဲ့စည်းပြီး တဖွဲ့လျင် လူ ၁၂ ဦးခန့်ပါဝင်သည်။
လွန်ခဲ့သည့် လ အတွင်း ဗုဒ္ဓဂါယာတွင် ပေါက်ကွဲခဲ့သော ဗုံးသည် ၎င်းတို့၏ လက်ချက်ဖြစ်
သည်ဟု အိန္ဒိယ ရဲအဖွဲ့ က ယူဆနေပေသည်။
လှစိုးဝေ
ကိုးကား။ ။ The New Indian Express
ဗုဒ္ဓဂါယာ ဘုရားဖူးများအား လက်စားချေ သည့် အနေဖြင့် တိုက်ခိုက်ရန် ကြံစည်သူများ အား အိန္ဒိယ ရဲအဖွဲ့မှ ဖမ်းဆီးရမိ
Reviewed by timeayeyar
on
9:01 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment