Latest News

Monday, February 12, 2018

ဒါလေးဖတ်ပြီးမှ ၂၀၁၈ ခုနှစ်ချစ်သူများနေ့ ကို ဖြတ်သန်းပါ

ဒါလေးဖတ်ပြီးမှ ၂၀၁၈ ခုနှစ်ချစ်သူများနေ့ ကို ဖြတ်သန်းပါ

ချစ်သူများနေ့ မရောက်ခင်တစ်ပတ်အလိုမှာပဲ စတိုးဆိုင်နဲ့ မီနီမတ်တွေမှာတော့ ချစ်သူများနေ့ အတွက်မမှတ်တရလက်ဆောင်များဆိုတဲ့  စာတမ်းတွေနဲ့ အတူ အရုပ်ကြီး အရုပ်ငယ်တွေက နေရာယူထားပါတယ်.။

ဆယ်ကျော်သက်အရွယ် လူငယ်တစ်ချို့ ကလည်းလှုပ်လှုပ်ရွရွရှိလှတယ်.။မနေ့ က ညီလေးတစ်ယောက်ဆို ချစ်သူများနေ့  သူ ချစ်ရတဲ့ ကောင်မလေးတစ်ယောက်နဲ့ လျှောက်လည်ဖို့ အင်္ကျီစင်တူလေးဝယ်နေတာတွေ့ ခဲ့ ရတယ်.။

သူလို့ ပဲ ဗယ်လင်တိုင်းဒေးနေဖြတ်သန်းမယ် ညီငယ်တစ်ယောက်ကလည်း သူ့ ကောင်မလေးတစ်ရပ်ရှိမယ့် အရုပ်ကြီးကို ကိုင်ပြီး စီးတီးမတ်ထဲက ၀င်ကြွားစွာထွက်လာတယ်.။
အသက် (၂၁)နှစ်အရွယ်မောင်မောင်ကျော် (အမည်လွှဲ)ကတော့ ချောကလပ်တစ်ခုကို သေသပ်စွာထုတ်ပိုးနေတယ်။
အားလုံးက အတွေးကိုယ်စီနဲ့  ပြုံးပျော်နေကြတယ်။
ဒီနေရာမှာ ချစ်သူများနေ့ မရောက်ခင်မှာမှ စိတ်ဆိုးစိတ်ကောက်နေကြတဲ့  စုံတွဲ တစ်ချို့ ကလည်း (၁၄)ရက်နေ့ အမှီ စိတ်မဆိုးဖို့  မာနတွေ ခ၀ါချလို့ .။

လူမှုကွန်ယက်လို့ နေရာမျိုးမှာ သည်နေ့ လိုနေ့ တွေက နေစလို့  ချစ်သူများနေ့ နဲ့ သက်ဆိုင်တာတွေ တင်နေကြတယ်။
စာရေးသူပင်  သူငယ်ချင်းတွေနဲ့  မြေနီကုန်းနာမှာ ဆုံဖို့ ချိန်တာ  ရိုးရိုးးမပြောပဲ ဘာမဆိုင် ညာမဆိုင် ချစ်သူမရှိတဲ့ သူတွေ ချစ်သူများနေ့ မှာတွေ့ ကြမယ်လို့  ထည့်သွင်းရေးသားခဲ့ တယ်။
ဒီအခြေနေတွေက ကောလိပ် တက္ကသိုလ်တွေတင်မဟုတ်  စသင်ကျောင်းတွေအထိလည်းပျံ့ နှံ့ တယ်။
သူ့ တို့ ကျောင်းမှာ ချစ်သူများနေ့ ဆို ချိန်းတွေ့ တတ်ကြလို့  မရောက်ခင် တစ်ပတ်လောက်အလိုမှာတည်းက ကျောင်းအုပ်ဆရာမကြီးက ဆိုဆုံးမရတယ်လို့ အထက်တန်းပြဆရာမတစ်ဦးကပြောပြတယ်။

အမှန်တော့ လူတွေ အားလုံးရဲ့ ပတ်ဝန်းကျင်မှာ စိမ့် ဝင်လာတယ်ဆိုတာ ငြင်းမရဘူး။

ဗယ်လင်တိုင်းဒေးနေ့  ဘယ်ကစလဲ။
ရောမ အင်ပါယာမှာ ဖြစ်ပါတယ်။ အေဒီ ၂၀၀ ကျော် ကာလက ဖြစ်ပြီး ရောမ စစ် ဘုရင် တို့ သွေး ဆူနေချိန် ဖြစ်ပါ တယ်။
စစ် တိုက် ဖို့သာ အချိန် တိုင်းတွေးနေပြီး ရောမ အင်ပါ ယာကို ကြီး သထက် ကြီးအောင် ဖန်တီးပါ တယ်။ စစ် တိုက်လေလေ စစ်သား လိုလေလေ၊ စစ်သား လိုလေလေ၊ ယောင်္ကျားတွေ ကို စုဆောင်း ရလေလေ၊ ယောင်္ကျားလေးတွေ စစ်ထဲဝင် တာ များလေလေ၊ အမျိုး သမီး တွေကို လွမ်းလေလေ၊ အမျိုးသမီးနဲ့  မိသားစုကို လွမ်းလေလေ၊ အိမ်ပြန် ချင်လေလေ၊ အစရှိ သဖြင့် သံယော ဇဉ်နှောင် ကြိုးပေါင်း များ စွာကြောင့် စစ်မှာ ခရီး မရောက် ဘူးလို့ အင်ပါ ယာကြီး ထင် ယူဆပါတယ်။      
   
ဒီတော့ အကောင်း ဆုံးက သံယောဇဉ်ဖြတ်ခြင်း ပါပဲ။ ယောင်္ကျား ဆိုတာ  စစ်တိုက်ဖို့မွေးတယ်။  ချစ်ဖို့၊ သံယောဇဉ် တွယ်မဟုတ်ဘူးဆိုတဲ့ တစ်ယူသန် တဲ့ ဆုံးဖြတ်ချက်နဲ့ တိုင်းပြည်မှာ မချစ်ရ၊ မကြိုက်ရ၊ မင်္ဂလာ မဆောင်ရ အစရှိတဲ့ ရူးကြောင်ကြောင် ဥပဒေများကို ထုတ်ပါတယ်။ ဥပဒေက ရူးကြောင်ပေမယပ့် လုပ်ရပ်ကတော့ ကြောက်စရာ ကောင်း ပါတယ်။ ချစ်တာ၊ကြိုက်တာ၊ မင်္ဂလာဆောင်တာ တွေ့ရင် ဆောင်ပေးသူရော၊ ချစ်ကြသူရော၊ အောင်သွယ် သူရော အားလုံးကို သေဒဏ်ပေးပါတယ်။

         ဒီတော့ ဘယ်သူမှ မင်္ဂလာမဆောင်ရဲ၊ မချစ်ရဲတော့ဘူးလို့ အုပ်ချုပ်သူတို့က ထင်ပါတယ်။ အမှန်တော့ ထင်သလိုမဟုတ်ပါဘူး။ ငိုက်မရှက်၊ ငတ်မရှက် ပြီးတော့ ကြိုက်မရှက်ဆိုတဲ့ စကားပုံအတိုင်း ကြိုက်နေကြသူ၊ ချစ်နေကြသူတွေကို မတားနိုင်ပါဘူး။

အောင်သွယ်လုပ်ပေး၊ မင်္ဂလာဆောင်ပေးတဲ့ ခရစ်ယာန် ဘုန်းတော်ကြီး Valentine ကလည်း အဆင်သင့် ရှိနေတော့ တိတ်တိတ်ပုန်း မင်္ဂလာပွဲက ရောမမှာ ခေတ်စားလာပါတယ်။ ဒီတော့ Valentine ဆိုတာ လူချစ်လူခင်ပေါတဲ့ ဘုန်းတော်ကြီး ဖြစ်လာပါတယ်။ ဒီသတင်းကို တစ်နေ့တော့ အုပ်ချုပ်သူတွေ သိမယ်ဆိုတာကိုလည်း Valentine က ထည့်တွက် ပြီးသား ဖြစ်ပါတယ်။

         တစ်နေ့ Valentine ကို ရောမ စစ်သည်တို့လာဖမ်း ပါတယ်။ နေ့စဉ်နှိပ်စက် မှု ကြောင့် သေလုနီးနီးဖြစ်နေပါပြီ။ သေဒဏ်ပေးခါနီးတစ်ရက်တော့ သူ့သမီးဆီကို Your Valentine ဆိုတဲ့ စာလေးပဲ ရေးထားတဲ့ ကဒ်ကလေး ပို့ပါတယ်။ ထောင်စောင့်ကလည်း Valentine ကို သနားပြီး ကူညီတဲ့သူ ဖြစ်ပါတယ်။ ဒီလိုနဲ့ အေဒီ ၂၆၉၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ကျတော့ သေဒဏ်ချမှတ်ခံရပြီး ကွယ်လွန် သွားပါတော့တယ်။

                            ဒီတော့ Valentine သေဆုံးမှုအတွက် ရောမမြို့ ကြီးတစ်ခုလုံး ဝမ်းနည်းကြပြီး သမိုင်းမှာ မေ့မရတဲ့ နေ့လေး ဖြစ်ခဲ့ပါတယ်။ Valentine ကွယ်လွန်ပြီးနောက် ရောမမှာ စစ်လိုလားကြမေယ့် မချစ်ရ၊မကြိုက်ရ၊ မင်္ဂလာ မဆောင်ရ ဥပဒေကတော့ တဖြည်းဖြည်းနဲ့ ပျောက်ကွယ် သွားပါတယ်။

ဒီတော့ နှစ်စဉ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ရောက်တော့ ချစ်သူနှစ်ဦးကြား၊ ချစ်ကြသူကြား တွေ့ဆုံအောင် အသက်ပေးလို့ ကြိုးစား စွမ်းဆောင် ဖန်တီးပေးခဲ့တဲ့ ဘုန်းတော်ကြီး Valentine ကို ဂါရဝပြု၊ လွမ်းဆွတ်တဲ့ အနေနဲ့ Valentine ကဒ်များ ပို့ကြပါတယ်။
From your valentine ဆိုပြီး ကဒ်ပို့တဲ့ ယဉ်ကျေးမှုက ခေတ်စားလို့လာပါတယ်။ ခရစ်ဘာသာဝင်တွေ မှာတင်မဟုတ်တော့ပဲ ကမ္ဘာအနှံ့မှာ အသိအမှတ်ပြုတဲ့နေ့ အထိမ်း အမှတ်လေး ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တိုင်းမှာ ချစ်သူတို့ လက်ဆောင်လဲလှယ်ခြင်း၊ မုန့်ကျွေးခြင်း၊ ကဒ်ပေးခြင်း၊ ပါတီပွဲ ပြုလုပ်ခြင်း အစရှိသဖြင့် ယဉ်ကျေးမှုအမျိုးမျိုး ပေါ်ထွန်းလာ ပါတယ်။ ချောကလပ် ပေးတာဟာလည်း Valentine's Day ရဲ့  အထိမ်းအမှတ် ဖြစ်လာပါတယ်။

     ယနေ့အချိန်မှာ Valentine's Day ကို ကမ္ဘာအနှံ့မှာ များသောအားဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျင်းပလေ့ ရှိကြောင်း သိရပါတယ်။
သေချာတာကတော့ အနောက်နိုင်ငံတွေကစတယ်လို့ ဆိုရမှာပဲ ။
မြန်မာတွေက အနောက်နိုင်ငံက ယဉ်ကျေးမှုတွေကို ဗယ်လင်တိုင်းနေ့ မှ မဟုတ်ပါဘူး အခြားသော အကြောင်းအရာတွေကိုလည်း တိုက်ရီုက်ပုံတူ ကူးချပြီးကျင့်သုံးနေတာတွေလည်း ရှိပါတယ်.
လူမျိုးတစ်မျိုးရဲ့  အနှစ်သာရက ကိုယ်ပိုင်ယဉ်ကျေးမှုပါ.ကမ္ဘာကြီးကရွာဆိုပေမဲ့  အကျိုးနဲ့ အပြစ် နိုင်ငံ တစ်နိုင်ငံရဲ့ သမိုင်း အစဉ်အလာ အခြေနေအရပ်ရပ်တွေကို လိုက်လျောညီထွေ စဉ်းစားရပါမယ် .။
ဒါတွေကို ပြောရရင် နိုင်ငံရေးတွေ ပါပြောနေသလိုဖြစ်ပြီး နိုင်ငံ လူမျိုး ပတ်ဝန်းကျင် ဘာသာတရားနဲ့ မကိုက်ညီတဲ့ အခြေနေတွေအပါဝင် စိတ်ဓတ်နဲ့  ယဉ်ကျေးမှုပျက်ပြားစေတဲ့  တစ်လွဲ ဆံပင်ကောင်းနေတာတွေကို မိဘ အုပ်ထိမ်းသူ  ပတ်ဝန်းကျင်အပါဝင် လူ အဖွဲ့ အစည်းက ၀ိုင်းဝန်းထိမ်းသိမ်းသင့်ပါတယ်.။
သည်နေရာမှာ အခု လတ်တလောပြောရမှာကတော့ ဗယ်လင်တိုင်းဒေးဖြတ်သန်းမယ့် ညီလေးတို့ ညီမလေးများကိုပါ ။
အထက်မှာပြောခဲ့ တဲ့  အားလုံးက အတွေးကိုယ်စီနဲ့  ပြုံးပျော်နေကြတဲ့ (ချောကလပ်ထုပ်ပိုးသူတွေ အင်္ကျီဆင်တူဝတ်မယ့်သူတွေ အရုပ်နဲ့ လက်ဆောင်တွေပေးဖို့  ပြင်ဆင်နေသူ တွေ) ၂၀၁၈  ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ကို ဖြတ်သန်းမယ့် ပုရိဿယောင်္ကျားလေးအများစုမှာ ရလိုမှုတစ်ခုရှိနေတတ်ပါတယ်။တစ်ကယ်ဖြူစင်ပြီး ချစ်ခင်စုံမက်စွာပေးလိုသူများလည်းရှိပါတယ်။
ညီမလေးတို့ ရေ  “လူတစ်ယောက်ရဲ့ တန်ဖိုး မြန်မာမိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ ကို တစ်ရက်တည်းနဲ့ မလဲပါနဲ့ .။ချစ်လို့ အလိုလိုက်တယ်ဆိုတာရဲ့ နောက်ကွယ်မှာ အထင်သေးမှုတွေဖြစ်လာတတ်ပါတယ်.။လွယ်လွယ်ရရင် ဘယ်အရာကိုမှတန်ဖိုးမထားတတ်ကြတာ လူ့ သဘာဝမို့  ညီမလေးတို့ ဆင်ခြင်နိုင်ပါစေ.။”
ညီလေးတို့ ကလည်း အပျော်သဘောနဲ့  ထင်ရာစိုင်းခဲ့ ကြလို့ ။တစ်ချိန်မှာထိုသူမဟုတ်ပဲ တစ်ခြားတစ်ယောက်ကို လက်ထပ်ပြီးလို့  သမီးမိန်းကလေးမွေးလာလို့ အရွယ်ရောက်လာရင် ဗယ်လင်တိုင်းနေ့ မှာ ရင်ထိတ်နေရပါလေ့ မယ်….
အယ်ဒီတာ တိုင်းဧရာ မီဒီယာ ဖေဖော်ဝါရီလ (၁၂)ရက်နေ့  ၂၀၁၈ ခုနှစ်

No comments:

Post a Comment