Latest News

Monday, February 12, 2018

ဧရာတိုင်းသားတို့၏ အနာဂတ် သို့မဟုတ် နိုင်ငံတော်၏ အဖြည့်စွမ်းအင်


မနေ့က နံနက် ၆ နာရီ မှ စပြီး ည ၈ နာရီ အထိပင်ပန်းခဲ့သမျှတွေ သည် အနာဂတ် မျော်လင့်
ချက်တစ်စကြောင့်ပြေပျောက်ခဲ့ရတယ်။

မနေ့က တိုင်းဒေသကြီး လျှပ်စစ် စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးနှင့်အတူရွှေသောင်ယံတံတားစီမံကိန်း, မီးလောင်ချိုင်(မီးလင်းချိုင်) LNGPower Plant တည်ဆောက်မည့် နေရာ,
Ayayarwaddy DRRD PilotProject ဖြင့်တည်ဆောက်သော ရိုးမ ဖြတ်လမ်းတို့ကို အတူလိုက်ပါစစ်ဆေး
ရင်းအလွန်စိတ်ဝင်စားစရာကောင်းပြီး တိုင်းဒေသကြီး၏ ဖွံ့ဖြိုးရေးနှင့် မြန်မာ့ လျှပ်စစ်စွမ်းအင်ဖြည့်စည်းမှု စီမံကိန်းကြီးအကြောင်း သိလိုက်ရတော့ ယနေ့ပင်ပန်းမှုတွေပြေပြောက်ခဲ့ရလေပြီ။ သူငယ်ချင်းတို့ကို မျှဝေချင်စိတ်ပြင်းထန်လာခဲ့ရပါတယ်။
==================
ဧရာဝတီတိုင်းဒေသကြီးသည် လျှပ်စစ်ဓါတ်အားရှိ မှု့ ၁၇% သာရှိသည်။ သို့အတွက်
စက်မှု ဇုံ အလားအလာသည် အလွန်ပင်ဝေးကွာလှသည်။
ထို့သို့သောစွမ်းအင် လို အပ်ချက်အတွက်လျှပ်စစ် ဝန်ကြီး ဌာနသည် အမျိုးမျိုးသော
ရေအားလျှပ်စစ် ကျောက်မီးသွေး စသဖြင့် စီမံသည်။သို့ရာတွင် အကြောင်းအမျိုးမျိုး ကန့်
ကွက်မှုကြောင့်အဆင်မပြေပေ။ ထိုအခါအစိုးရသည် LNG ဟူသော Powerplant ကို စဉ်းစားပြီး လျှပ်စစ် 
အင်ဂျင်နီယာတို့အတွက် အိပ်မက်ဟု ခေါ်ဆိုနိုင်သောစွမ်းအင်ကို ဖေါ်ဆောင်လိုက်တော့သည်။

LNG ဆို တာဘာလဲ?

LNG ဆိုတာ Liquefied Natural Gas ကိုခေါ်သည်။ကျတော်တို့က CNGကိုသာရင်းနှီးနေသည် CNG 
ကတော့Compressed Natural Gas ကိုဆိုသည်။
Methane နှင့် some mixture of Ethaneသဘာဝဓါတ်ငွေ့တို့ကို အရည်အဖြစ် ပြန်ပြောင်းပြီး
သယ်ဆောင်၍ LNGPower Plant သို့ပို့ကာ ဓါတ်ငွေဖြင့်လျှပ်စစ် ဂျင်နရေတာကို လည်ပတ်၍ လျှပ်စစ်စွမ်းအင်ကိုထုတ်လုပ်ပေးခြင်းဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ကိုလဲ မထိခိုက်စေပါ။

ယခု ဧရာဝတီတိုင်းဒေသကြီး မီးလောင်ချိုင်တွင်တည်ဆောက်ရခြင်းမှာ ပင်လယ်ကမ်းစပ်မှအနီးကပ်ဆုံး
အခြေအနေ Deep sea သည် 20 m ရှိ၍ ရွေးချယ်သည်။
သံတွဲ မှ ငရုတ်ကောင်းကမ်းခြေတစ်လျောက်ကမ်းခြေအနက် တိုင်းတာမှု ၅ နေရာတွင်
ဤနေရာသည်သာ အကောင်းဆုံးအနေအထားဖြစ်သည်ဟုသိရသည်။

LNG ဓါတ်ကွေ့ရည်တင် သင်္ဘောကြီးဖြင့် သယ်ဆောင်၍ deep sea jetty တွင်ကပ်၍ LNG
Powee plant သို့ပို့မည်။ ထို သင်္ဘောသည်တစ်နှစ်တွင် ၄ ခါ-၅ခါ လောက်သာကပ်မည်။
တန် ၃၀၀၀၀ အထိသယ်နိုင်သည်။
ထိုသင်္ဘောကြီးအတွက် လှိုင်းကာ RCC Wallပင်လယ်ထဲတွင်တည်ဆောက်ရမည်။ မုန်တိုင်းနှင့်
ဆူနာမီဒဏ်ခံနိုင်ရန်ဖြစ်သည်။

၃၆ လ ကြာမြင့်မည့် ထို့စီမံကိန်းကြီးကို ZhefuSupreme ကုမ္ပဏီ မှ တည်ဆောက်မှာဖြစ်သည်။

ယခု စီမံကိန်းသည် မဂ္ဂါ ဝပ် ၁၃၉၀ ဖြစ်သည်။ယနေ့ တစ်နိုင်ငံလုံး အသုံးပြု နေသော လျှပ်စစ်မှာ
မဂ္ဂါဝပ် ၃၀၀၀ ကျော်သာရှိ၍ တစ်နိုင်ငံလုံးအသုံးပြုမှု စွမ်းအင်၏ ထက်ဝက်နီးပါ ရရှိမည်ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က မြန်အောင်လျှပ်စစ်စက်ရုံကြီးကို အားကျမိသည်။ ထိုစက်ရုံ
မှ လျှပ်စ်ဓါတ်အား ၁၂ မဂ္ဂါ ဝပ်သာ ထုတ်နိုင်သည်ကို သိရှိရမှသာအခါမှ ယခု LNG စီမံကိန်းနှင်
ယှဉ်မိသညိ။
ဧရာဝတီတိုင်းဒေသကြီးအတွက် စက်မှုဇုံကြီးမျာ SME များ ပြည်သူအများအတွက်လုံလောက်ပြီး
ရန်ကုန်မြို့တော်နှင်အခြားတိုင်းနှင့်ပြည်နယ်တို့လို အပ်ချက်များကို ဖြည်းစည်းပေးနိုင်မည်ဖြစ်သည်။
ထို့ပြင် ပြည်ထောင်စု လျှပ်စစ်ဝန်ကြီးဋ္ဌာန အနေဖြင့်စွမ်းအင်ကဏ္ဌအသီးသီး ချဲ့ထွင် ထုတ်လုပ်ရန်
လုပ်ဆောင်နေသည်ဟု သိရသည်။
သို့မှသာ ကုန်ထုတ်လုပ်ငန်းများလျင်မြန်စွာတိုးတက်လာမည်ဖြစ်သည်။
(မျော်လင့်ချက် တစွန်းတစ)
မိုးဇော်
https://www.facebook.com/photo.php?fbid=359867351154283&set=pcb.359867651154253&type=3











No comments:

Post a Comment