Latest News

Tuesday, February 6, 2018

ရှေးပညာရှိတို့၏ အဆုံးအမများ



၁။ တံခွန်ကုက္ကား အောင်လံများ
လွှားစိုက်အိမ်မှာ မပြုနှင့် ။

၂။ စားဖွယ်သောက်ရန် ခွက်ပန်းကန်
အသံမြည်အောင် မပြုနှင့် ။

၃။ ရေလဲမည်တွင် ထမီလျှင်
အိမ်တွင်း မလှန်းနှင့် ။

၎။ ခေါင်းလျှော်ပြီးတွင် ထိုဆံပင်
နေတွင် မလှန်းနှင့် ။

၅။ စာဖွယ်ပို့လာ ခွက်ယောက်မှာ
ဆေးကာပြန်၍ မပေးနှင့် ။

၆။ ကိုယ်ဝန်ဆောင်မိန်းမ စားသမျှ
ကိုယ်ကယူငှင် မဆေးနှင့် ။

၇။ ဥစ္စာ မာန် အား ဤသုံးပါး
ကိုယ်စားမပြု နှင့် ။

၈။ သူကြီးမိဘ မိတ္တတစ်ထွေ မိုးမြေတလင်း
နေ လမင်း မုန်းတင်းစကား မဆိုနှင့် ။

၉။ ဦးဆောင်းပခြုပ် ဦးထုပ်တစ်ဖြာ
စကောမှာ ဖာ၍ မသုံးနှင့် ။

၁၀။သင်ဖြူးအိပ်ရာ ခေါင်းပေါင်းမှာ
ဖာ၍မသုံးနှင့် ။

၁၁။ ရေလဲခေါင်းပေါင်း မကောင်းဟူပြီ
အင်္ကျီလယ်ခွံ စုတ်ပြတ်လွန်
ကောင်းမွန်ရာရာ နည်းငယ်သာ
မဖါမချုပ်နှင့် ။

၁၂။ မိဘ ဆရာ သံဃာ ဘုရား အရိပ်များ
နေနားမခိုနှင့် ။

၁၃။ သူ၏ဦးခေါင်း တစ်ကြောင်းကျည်ပွေ့
အရှေ့ထရံ ဤသုံးတန် ခုံပျံမကျော်နှင့်။

၁၄။ ဆန်မရှိခိုက် မောင်းဆုံ၌
စိုက်၍ကျည်ပွေ့ မထားနှင့် ။

၁၅။ ကြိုးကြိမ်တန်းများ တံခါးလက်ကတုံး
သုံးခုလုံး ကုန်းကွဝင်လို့ မလျှို နှင့် ။

၁၆။ ခရီးရောက်ခါ အိပ်ရာထစ
ဒေါသမျက်ပွား ဤသူများ
စကားလိုရာ မမေးနှင့် ။

၁၇။ သုံးပါးရတနာ ဆရာမိဘမစသူများ
ဤသူအား စိမ်းကားမမေ့နှင့် ။

၁၈။ မိန်းမမွေးနေ့ သီတင်းနေ့နှင့်
နေ့လည်အခါ ဤသုံးဖြာ
ကာမမြူးတူး မပြု နှင့် ။

၁၉။ လိုမရှိကာ အင်္ဂါမမှန်
ကျောင်းကန်ဘုရား သွားယင်းတစ်ထွေ
သန္ဓေရင်မှာ ဤ၌သာလည်း
ကာမမြူးတူး မပြု နှင့် ။

၂၀။ သိမ်လည်းတခမ်း ဈေးတန်းထိုထို
ဇရပ်အို မှီခိုဝင်အောင်းမပြုနှင့် ။

၂၁။ ဥစ္စာလိုသူ လူပျိုလှည့်ငြား
ဤလူများ စကားအမှန်မယူနှင့် ။

၂၂။ ဦးရေငဲ့စောင်း သွန်းလောင်းမပြုတ်
ပလုတ်မကျင်း ထမင်းအိုးရေ
ထိုသုံးထွေ ပုံသေမသောက်နှင့်။

No comments:

Post a Comment