Latest News

Tuesday, February 13, 2018

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁၃

လွတ်လပ်ရေးဗိသုကာကြီး တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁ဝ၃) နှစ်မြောက်   မွေးနေ့နှင့်   မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ဗဟန်း မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုဌာနချုပ်) ၌ စည်ကားသိုက်မြိုက် စွာကျင်းပခဲ့သည်။

အခမ်းအနားတွင်  လွတ်လပ်ရေး ဗိသုကာကြီး     တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ပြောကြားသည်။ ထို့နောက်           တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်း လတ်က   အခမ်းအနားသို့   တက်ရောက် လာကြသည့်     ကလေးငယ်များအား ဗိုလ်ချုပ်အောင်ဆန်း နှင့် ပတ်သက်သည့် သမိုင်းကြောင်းများနှင့်   အမှတ်တရ အကြောင်းအရာများကို  သိရှိစေရန်  အပြန်အလှန် မေးမြန်းဖြေဆိုခြင်းတို့ကို ပြုလုပ်ကြသည်။

ဆက်လက်၍ မူကြိုအရွယ် ကလေး ငယ်များက   ''အောင်ဆန်းဇာနည်''ကဗျာအပါအဝင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကို  အမှတ်တရ  ဂုဏ်ပြု ရွတ်ဆိုကြပြီး တာဝန်ရှိသူတို့က ကလေး ငယ်များအား အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ကြသည်။
အဆိုပါအခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်   ဗဟိုအမျိုးသမီး ကော်မတီက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏  (၁ဝ၃)  နှစ် မြောက် မွေးနေ့နှင့် မြန်မာနိုင်ငံကလေး များနေ့  အထိမ်းအမှတ်အဖြစ်  တက် ရောက်လာကြသူများအား စတုဒိသာဖြင့် တည်ခင်းဧည့်ခံသည်။

အလားတူ ဗိုလ်ချုပ်အောင်ဆန်း၏ (၁ဝ၃) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ် ရန်ကုန်တိုင်းဒေသကြီး မြို့နယ် များရှိ ရပ်ကွက်များတွင်လည်း ကလေး ငယ်များအား ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဉာဏ်စမ်းမေးမြန်းခြင်းနှင့်  ပျော်ပွဲရွှင်ပွဲ များကို ကျင်းပကြသည့်အပြင် ပဲပြုတ်နှင့် နံပြား အပါအဝင် စတုဒိသာ အလှူများကို လည်းပြုလုပ်ကြကြောင်း သိရသည်။
ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ (၁ဝ၃) နှစ်မြောက်မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့   အထိမ်းအမှတ်အဖြစ်  ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက် လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ရှေ့တွင်လည်း ပဲပြုတ်နှင့် နံပြား စတုဒိသာ ကျွေးမွေးခြင်းများအပြင် အငှားယဉ် မောင်းများအနေဖြင့်လည်း    ဗိုလ်ချုပ် အောင်ဆန်းပြတိုက်မှ မဟာဗန္ဓုလပန်းခြံ ရှေ့ အထိ အခမဲ့ပြေးဆွဲပေးကြကြောင်း သိရသည်။
ထို့အတူ   ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်  မြောက်ပိုင်းမြို့နယ် ဘေလီ တံတားအဆင်းလမ်းဆုံအနီး ပင်လုံ ရင်ပြင်၌    ဗိုလ်ချုပ်အောင်ဆန်းကြေး ရုပ်တုကို   ဖွင့်လှစ်ခဲ့သည့်အပြင်  ဗိုလ်ချုပ် အောင်ဆန်း၏ ဘဝဖြတ်သန်းမှု တစ်ခု ဖြစ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ဆန်း၏ ပုံတူကြေးရုပ်တုကို လည်း သာကေတ မြို့နယ်၊ မြကန်သာပန်းခြံ၌   ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
   ဇော်ကြီး (ပဏီတ)မြန်​မာ့အလင်း

No comments:

Post a Comment