Latest News

Thursday, February 22, 2018

ဖားကန့်လမ်းတွင် ဒီဇယ်ပေပါတင်ဆောင်လာသည့် ၁၂ဘီးမော်တော်ယာဉ်တစ်စီး တိမ်းမှောက်

ဖားကန့်လမ်းတွင် ဒီဇယ်ပေပါတင်ဆောင်လာသည့် ၁၂ဘီးမော်တော်ယာဉ်တစ်စီး တိမ်းမှောက်

ဖားကန့် ဖေဖော်ဝါရီ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာအနီး လွှစင်တောင်ကုန်းအဆင်းတွင် ဖေဖော်ဝါရီ၂၁ရက် မွန်းလွဲ၂နာရီခန့်က ဒီဇယ်ပေပါတင်ဆောင်လာသည့် ၁၂ဘီးမော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကသာမြို့နယ် အောင်ချမ်းသာကျေးရွာ အောင်မြသန်းကုမ္ပဏီမှ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ယူမာကျေးရွာရှိ အောင်မြသန်းကုမ္ပဏီသို့ ဒီဇယ်ပေပါ ၈၅ လုံးပို့ဆောင်ရန် ပခုက္ကူမြို့ ၁၁ ရပ်ကွက် ၆ လမ်းနေ ကျော်စိုးလင်း(ခ)မျိုးမင်းနောင် မောင်းနှင်လာသည့် ၁၂ဘီးမော်တော်ယဉ်သည် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာအနီး လွှစင်တောင်ကုန်းအဆင်းတွင် ဘရိတ်ပေါက်ကာ လမ်း၏ဝဲဘက်သို့ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကျော်စိုးလင်း(ခ)မျိုးမင်းနောင်အား လုံးခင်းနယ်မြေရဲစခန်းတွင် အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင် ကချင်မြေ(မြန်​မာ့အလင်း)

No comments:

Post a Comment