Latest News

Sunday, February 4, 2018

နိုင်ငံခြားမှ ကုန်ချောများ အစားထိုးဝင်ရောက် မှုကြောင့် ရွှေဘိုမြို့ နယ်ဆိတ်ခွန်ဒေသထွက်ချည်ထည်များ ဈေးကွက်ထိခိုက်နိုင်

နိုင်ငံခြားမှ ကုန်ချောများ အစားထိုးဝင်ရောက် မှုကြောင့် ရွှေဘိုမြို့ နယ်ဆိတ်ခွန်ဒေသထွက်ချည်ထည်များ ဈေးကွက်ထိခိုက်နိုင်

ရွှေဘို ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆိတ်ခွန်ဒေသထွက် အမျိုးသား/ အမျိုးသမီး ဝတ်လုံချည်ထုတ်လုပ် ရောင်းချမှုဈေးကွက်သည် အိန္ဒိယနိုင်ငံမှ တင်သွင်းသည့် ချည်ထည်ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာမှုနှင့် တရုတ်နိုင်ငံမှ ဈေးနှုန်းချိုသာပြီး ဒီဇိုင်းဆန်းသစ်သည့် အမျိုးသားဝတ်လုံ ချည်များ အစားထိုးဝင်ရောက်လာမှု များကြောင့် ဈေးကွက်ကို ထိခိုက် လာနိုင်ကြောင်း ဆိတ်ခွန်လုံချည်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ၏ ပြောကြား ချက်အရ သိရသည်။

'' အခုလောလောဆယ်မှာတော့ မန္တလေးမှာဆိုရင် တရုတ်ကဝင်တဲ့ လုံချည်တွေ က ကိုယ့်ဆီကထက် စာရင်ဈေးနှုန်း သက်သာတယ်၊ ကုန်ကြမ်းတွေကသူတို့ဆီကမှာယူပြီး ရက်လုပ်ရတာဖြစ်တဲ့အတွက် ဈေးနှုန်းခြင်းယှဉ်လိုက်ရင် ကိုယ်ဆီကထွက်တဲ့ ကုန်တွေကဈေးနှုန်းက အားနည်းချက်ရှိတာပေါ့၊ ချည်ထည်လုပ်ငန်းတွေ တိုးတက်ဖို့အတွက် ဘာတွေလိုအပ်သလဲဆိုရင် အဓိကကတော့ ကျွန်တော်တို့ဆီမှာ အရည်အသွေးမီတဲ့ ကုန်ကြမ်းမထုတ်လုပ် နိုင်သေးတဲ့အတွက်ပါ၊ ကျွန်တော်တို့ဆီမှာကုန်ကြမ်း အနေနဲ့ အခုလောလောဆယ် (၁/၂ဝ)ချည်တွေတော့ ထွက်ပါတယ်၊ ကုန်ကြမ်းကကိုယ့်နိုင်ငံအတွင်းမှာ ထုတ်လုပ်နိုင်ရင် ပိုကောင်းတာပေါ့၊ ဈေးနှုန်းတွေလည်း ယှဉ်နိုင်မယ်၊ ဈေးနှုန်းဆိုတာက ချည်ထည်ရဲ့ဒီဇိုင်းနဲ့ အရည်အသွေး ပေါ်မှာမူတည်ပါ တယ်၊ ခေတ်ကိုက အသစ်အဆန်းကို ရွေးချယ်အသုံးပြုတာဆိုတော့ ဒီဇိုင်းကို တစ်နှစ်တစ်ခါ ဆန်းသစ် ရတယ်၊ ကုန်ကြမ်းဈေး တွေကတော့ အတော့ကိုတက်လာပါတယ်၊ အစိုးရတစ်ရပ်အနေနဲ့ လည်း နိုင်ငံတကာက ဝင်လာတဲ့ကုန် တွေကို ထိန်းသိမ်း ကွပ်ကဲဖို့လည်းလိုအပ်ပါတယ်၊ အခုအခြေအနေမှာတော့ ရွှေဘိုဒေသထွက် ချည်ထည် တွေက ပြည်တွင်း ဈေးကွက်မှာတော့ ရောင်းအားကောင်းနေပါသေးတယ် '' ဟုဆိတ် ခွန်ကျေးရွာ၊ ရွှေဘိုမြို့နယ် မှ ချည်ထည် လုပ်ငန်းရှင် ကိုကျော်စိုးက ပြောသည်။

အိန္ဒိယနိုင်ငံထုတ်ချည်ထုတ်တစ်ထုတ်လျှင် ယခင်နှစ်က ငွေကျပ် သုံးသောင်းစွန်းစွန်းရှိရာမှာ ယခုနှစ်တွင် ငွေကျပ်(၄ဝဝဝဝ)ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာကြောင်းနှင့် ရွှေဘိုမြို့နယ် ဆိတ်ခွန်ဒေသထွက်ချည် ထည် များကို မြန်မာနိုင်ငံအဝှမ်း တင်ပို့ရောင်းချလျက်ရှိပြီး အဓိကအနေဖြင့် မုံရွာ၊ မန္တလေး၊ ရန်ကုန်၊ မြစ်ကြီးနားမြို့ ကြီးများသို့ အများဆုံးတင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။(MWD)

No comments:

Post a Comment