Latest News

Thursday, February 15, 2018

တောင်အာဖရိကသမ္မတ ဇူးမား ရာထူးမှ နုတ်ထွက်

တောင်အာဖရိကသမ္မတ ဇူးမား ရာထူးမှ နုတ်ထွက်

ဂျိုဟန်နက်စ်ဘာ့ဂ် ဖေဖော်ဝါရီ  ၁၅

တောင်အာဖရိကသမ္မတ ဂျက်ကော့ဗ်ဇူးမားသည် လက်ရှိအာဏာရပါတီဖြစ်သည့် အာဖရိကအမျိုးသားပါတီ (ANC)၏  ဖိအားပေးမှုများနှင့်  ရင်ဆိုင်ရပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ရာထူးမှနုတ်ထွက်သွားကြောင်း သိရသည်။

အစောပိုင်းတွင် ရာထူးမှနုတ်ထွက်ရန် ခုခံငြင်းဆန်ခဲ့သော်လည်း  သမ္မတဇူးမား သည် ပါတီအတွင်းပြိုကွဲမှု မဖြစ်စေရန်ကြိုးပမ်းသည့်အနေဖြင့်ANC က ၄င်းအား နောက်ဆုံးအချိန်သတ်မှတ်ချက်ပေးပြီး တစ်နာရီအလိုတွင် ရာထူးမှနုတ်ထွက် ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ANC သည် ၄င်း၏ ပယောဂကြောင့် ဘယ်သောအခါမှ မပြိုကွဲစေသင့်ကြောင်း ထို့ကြောင့်ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဇူးမားက ဗုဒ္ဓဟူး နေ့ညနေပိုင်းတွင်Union Building အဆောက်အအုံ၌ နိုင်ငံသို့ ပြောကြားခဲ့သည့် မိနစ် ၃ဝ ကြာမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဇူးမားက၄င်းအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရာထူးမှဆင်းလို ကြောင်း ပြောကြားခဲ့သည်။ ၄င်း၏ အုပ်ချုပ်မှုကာလအတွင်း ပြုလုပ်ခဲ့သည့်အမှား များအတွက် နိုင်ငံကိုတောင်းပန်ကြောင်း ဇူးမားက ပြောကြားခဲ့သည်။ မြန်​မာ့အလင်း

No comments:

Post a Comment