Latest News

Sunday, February 4, 2018

ပြည်ပဈေးကွက်ရလာသော ပီလောပီနံကို တိုးချဲ့စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိ

ပြည်ပဈေးကွက်ရလာသော ပီလောပီနံကို တိုးချဲ့စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိ

ပုသိမ်  ဖေဖော်ဝါရီ  ၎

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးမှု များလာသော ပီလောပီနံဥကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ ပြည်ပ တင်ပို့ရာတွင် ဈေးကွက်ရရှိလာသဖြင့် တောင်သူများအနေဖြင့် တိုးချဲ့စိုက်ပျိုးရန် ပြင်ဆင်လာကြကြောင်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ပီလောပီနံစိုက် တောင်သူများက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပီလောပီနံကို ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း၊  ကယားပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးနေပြီး ၂ဝ၁၂ ခုနှစ်မှစတင်၍ ပြည်ပဈေးကွက်များသို့ တင်ပို့ခဲ့ခြင်းဖြစ်ကာ ယခုနှစ်အတွင်း တရုတ်နိုင်ငံမှ အဝယ်လိုက်လာသဖြင့် ဈေးကောင်းရရှိနေကြောင်း သိရသည်။

ပုသိမ်မြို့နယ်ရှိ စွယ်ဧရာ ပီလောပီနံကော်မှုန့်လုပ်ငန်းရှင် ဦးမျိုးကျော်သူရအေးက ''ကျုံပျော်နဲ့ ပုသိမ် နှစ်မြို့နယ်ထဲတင် တစ်နှစ်ကို ပျှမ်းမျှအိတ်ရေ သုံးသန်းအထိ ထွက်တယ်၊ ပြည်ပပို့တာ ၂ဝ၁၂ လောက်ကတည်းကပါ၊ နည်းနည်းချင်းစီ ပို့လာ တာ၊ အခု နှစ်နှစ်အတွင်းမှာတော့ မူဆယ်ကနေ တရုတ်ကို တန်ချိန် ၂ဝဝ နီးပါးအထိ တင်ပို့လာနိုင်တယ်၊ အရင်တုန်းက တစ်ကီလိုတစ်အိတ်ကို ကျပ် ၁၈ဝဝဝ ရတယ်၊  အခု အနိမ့်ဈေး ကျပ် ၂ဝဝဝဝ ကျော်တယ်''ဟု ပြောသည်။

ကျုံပျော်မြို့နှင့် ပုသိမ်မြို့နယ်များတွင်  လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝ  ခန့်မှစတင်ကာ ပီလောပီနံ(ကလော)ကို တောင်သူများက စိုက်ပျိုးကြပြီး တစ်ပိုင်တစ်နိုင် အသေးစား စက်မှုလုပ်ငန်းတစ်ခုအဖြစ်   ကျေးရွာများတွင် ပီလောပီနံကော်မှုန့်များကို ထုတ် လုပ်ရောင်းချလျက်ရှိရာ  လက်ရှိအချိန်တွင်  မြို့နယ်နှစ်ခုအတွင်း  ကော်မှုန့် ပြုလုပ်သည့် စက်ကြီး၊ စက်လတ်၊ စက်သေး စုစုပေါင်း ၁ဝဝ ကျော်ရှိကြောင်း သိရ သည်။

ကျုံပျော်မြို့နယ်မှ ပီလောပီနံစိုက်တောင်သူ ဦးဖိုးငွေက ပြည်ပဈေးကွက် ရရှိ ထားပြီးဖြစ်သည့်အတွက် တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန် နည်းပညာ၊ ငွေကြေး အရင်းအနှီးနှင့် စက်ကိရိယာများလိုအပ်နေကြောင်း ပြောသည်။    ''အရင်က  တစ်ပိုင်တစ်နိုင်ပဲ စိုက်တာ၊ ဒီနှစ်မှာတော့ စီးပွားဖြစ် လေးဧကကျော် စစိုက်ထား တယ်၊ တခြားတောင်သူတွေလည်း  စိုက်ခင်းနဲ့  စနစ်တကျ စိုက်လာကြတယ်၊ အထွက်နှုန်းကောင်းအောင် နောက်နှစ်မှာ တရုတ်ဘက်ကလာတဲ့မျိုးတွေ စစိုက်ဖို့ စိတ်ကူးထားတယ်''ဟု ပြောသည်။

ပီလောပီနံအမှုန့်ကို ပေါင်မုန့်၊ ကိတ်မုန့်၊ ဘီစကစ်၊ ကွတ်ကီး စသည့်စားသောက် ကုန်များပြုလုပ်ရာတွင် အဓိက အသုံးပြုကြပြီး ပြည်ပတင်ပို့ရာတွင် မူဆယ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့မှုအပြင် ပင်လယ်ရေကြောင်းမှတစ်ဆင့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တရုတ်၊ ဂျပန်နှင့်  အိန္ဒိယနိုင်ငံများသို့လည်း တင်ပို့နေ ကြောင်း သိရသည်။ဇာလင်းသူ(AMIA)မြန်​မာ့အလင်း

No comments:

Post a Comment