Friday, February 9, 2018
ချောင်းသာတွင် စိတ်ကြွရူးသွပ်ဆေးပြားအများဆုံးစစ်ဆေးတွေ့ ရှိ
ပုသိမ် ဖေဖေါ်ဝါရီ ၉ရက်
ဧရာဝတီတိုင်းဒေသကြီး အတွင်းပုသိမ်မြို့နယ်ချောင်းသာကမ်းခြေမြို့ အမှတ်(၆)ရပ်ကွက်ြ့ကံခိုင်ရေးလမ်းဘေး နွေဦးကာရံKTV တွင် ဖေဖေါ်ဝါရီ၈ရက်နေ့၅နာရီအချိန်ခန့်က စိတ်ကြွဆေးပြားများအများဆုံးစစ်ဆေးတွေ့ရှိခဲ့ကြောင်းဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှသတင်းရရှိသည်
စစ်ဆေးတွေ့ရှိရာတွင် WYစာတန်းပါတဲ့ဆေးပြား ၄၇၇ပြားအစိမ်းရောင်ဆေးပြား၅ပြားနှင့် ဆေးခြောက် ထုပ်များ စစ်ဆေးတွေ့ရှိခဲ့သည်။
"မနေ့ကသတင်းကြားတာနဲ့ ရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးအဲဆိုင်ကမန်နေဂျာနဲ့ အလုပ်သမားတွေကိုဝင်ရောက်စစ်ဆေးခဲ့စဉ်ဆေးပြားများတွေ့ရှိခဲ့တယ်။၂၀၁၈ခုနှစ်မှာတော့ဒါပထမဆုံးဖမ်းဆီးရမိတာပါ။ "ဟုဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ဦးစီး ပထမတန်း အရာရှိ ဒုတိယ ရဲမှူးကြီး ခင်မောင်လတ် ကပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအနေနှင့်လည်းအများဆုံးဖမ်းဆီးရမိသည်ဟု ပြောလို့ရနိုင်ပြီး အဆိုပါကိစ္စနှင့်ပက်သက်ပြီးဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဟု၎င်းကဆက်လက်ပြောကြားသည်
ပုသိမ်ချောင်းသာနယ်မြေရဲစခန်း ပုသိမ်မြို့ရဲစခန်းမှ ရဲအုပ် ဝဏ္ဏအောင်ရဲ့အဖွဲ့နှင့် မူးယစ်နှိမ်နင်းရေးအဖွဲ့တို့မှဖေဖေါ်ဝါရီ၈ရက်နေ့ကဆေးပြားများတွေ့ရှိသည်ဟု သတင်းကြား၍သွားရောက်စစ်ဆေးခဲ့စဉ်တွေ့ရှိခဲ့ခြင်းဖြစ်သည်
လက်ရှိတွင် ချောင်းသာနယ်မြေရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သောဥပဒေပုဒ်မ ၁/၂၀၁၈ ၁၅/၁၉(က/၂၀/က/၂၁)တို့ဖြင့်အမှူဖွငိ့ဖမ်းဆီးအရေးယူထားလျက်ရှိကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်
သတင်းထောက် ရွှေရည်ဝင်း
ချောင်းသာတွင် စိတ်ကြွရူးသွပ်ဆေးပြားအများဆုံးစစ်ဆေးတွေ့ ရှိ
Reviewed by Ar Ti
on
1:45 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment