Latest News

Saturday, February 3, 2018

ဒလ တံတားစီမံကိန်းဧရိယာ နှင့် မလွတ်ကင်းသည့် နေအိမ်နှင့် ဈေးဆိုင်ခန်းများ ၉၀% ပြောင်းရွှေ့ဖယ်ရှားပြီး

ဒလ တံတားစီမံကိန်းဧရိယာ နှင့် မလွတ်ကင်းသည့် နေအိမ်နှင့် ဈေးဆိုင်ခန်းများ  ၉၀% ပြောင်းရွှေ့ဖယ်ရှားပြီး

ရန်ကုန် ဖေဖော်ဝါရီ ၃

 ကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလတံတား စီမံကိန်း ဧရိယာနှင့် မလွတ်ကင်းသော ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမတစ်လျှောက်ရှိ နေအိမ်များ၊ ဈေးဆိုင်များနှင့် အဆောက်အအုံများကို ဇန်န၀ါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ အပြီးသတ်ရွှေ့ပြောင်းပေးနိုင်ရန် တင်ပြ ထားပြီးဖြစ်ရာ ဖေဖော်ဝါရီ ၃ ရက်နေ့ အထိ   စီမံကိန်းနှင့် မလွတ်ကင်းသည့် နေအိမ်များနှင့် ဈေးဆိုင်ခန်းများ ၉၀% ပြောင်းရွှေ့ဖယ်ရှာပေးပြီးဖြစ်ကြောင်း၊  ကမာကဆစ်ကူးတို့ သမ္ဗာန်ဆိပ်၊  မြို့နယ် နာရေးကူညီမှုအသင်းရုံး၊ သာသနိကအဆောက်အအုံ အနည်းငယ်တို့အား ပြောင်းရွှေ့နေရာချပေးဖို့ ကျန်ရှိနေကြောင်း ကမာကဆစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ထံ က သိရသည်။

 ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဒလတံတားစီမံကိန်း မကြာမီ တည်ဆောက်တော့မည်ဖြစ်ရာ နေ့စဉ်သွားလာနေသော ဒေသခံပြည်သူ တစ်ဦး  က "ဒလမြို့နယ် ကမာကဆစ်ကူးတို့ သမ္ဗာန်ဆိပ်မှ ရန်ကုန် ဘက်ကမ်းသို့ စက်တပ်သမ္ဗာန်များဖြင့် လုပ်သားပြည်သူများ၊ ၀န်ထမ်းများနဲ့ ခရီးသွားပြည်သူများစွာ တို့ကို နေ့စဉ် ပို့ဆောင်ပေးလျက်ရှိပါတယ်၊  တံတားကြီး စတင်တော့ရင် ကမာကဆစ် သမ္ဗာန်ဆိပ်ကို ပြောင်းရွှေ့ပေးဖို့နဲ့ ခရီးသည်များ သွားလာရေး အဆင်ပြေအောင် ကူးတို့နေရာသစ် ထားရှိပေးရန် လိုအပ်ပါတယ်၊ သန်းချီးရှိသော ပြည်သူများစွာတို့က မျှော်လင့်နေကြတဲ့  တံတားကြီး တစ်စင်းပါ၊  ရန်ကုန်မြစ်အတွင်း၌ စက်တပ်သမ္ဗာန်များဖြင့် မိုးလင်းကနေ၊ မိုးချုပ်အထိ သွားလာနေကြတဲ့ ပြည်သူ များစွာတို့၏ အသက်အန္တရာယ် လုံခြုံမှု မရှိခြင်းကြောင့် ဒီတံတားကြီး တည်ဆောက်မှ ပြည်သူအားလုံးရဲ့ ဆန္ဒတွေ၊ လုံခြုံမှုတွေ ပြည့်ဝလာနိုင်မှာပါ၊  ဒီမိုကရေစီနိုင်ငံတော်အစိုးရသစ်ရဲ့ ပထမဆုံးသော သမိုင်းဝင်မှတ်တမ်းအဖြစ် မှတ်ကျောက်တင် တည်ရှိနေမှာပါ၊ တံတားကြီးတည်ဆောက် ပြီးစီးသွားပါက ဒီဒေသတစ်ခုနဲ့ တစ်ဆက်တည်းရှိတဲ့ ဒေသတွေပါ အားလုံး ဖွံ့ဖြိုးတိုးတက်လာမှာပါ၊ မြစ်အတွင်း မကြာခဏဖြစ်ပွားနေသော စက်သမ္ဗာန်များ တိမ်းမှောက်မှုတို့ကြောင့် လူ့အသက်များ အလွယ်တကူ ဆုံးရှုံးခဲ့ရခြင်းကြောင့် ရန်ကုန်မြစ်ကို ဖြတ်ကျော်မည့် တံတားတစ်စင်း အရမ်းကိုလိုအပ်ကြောင်း  ၄င်း၏ အမြင်ကို ပြောကြားခဲ့သည်။

 ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ပုဂ္ဂလိကပိုင် ကူးတို့သမ္ဗာန်ဆိပ် (၆)ဆိပ် ရှိရာ ကမာအောင် ကူးတို့ဆိပ် (၁၈၀)စီး၊ ရေကန်ကူးတို့ဆိပ် (၂၂)စီး၊ တံလျှပ်ကူးတို့ဆိပ် (၄၆)စီး၊ ဆာပါချောင် ကူးတို့ဆိပ် (၄၁)စီး၊ ကျောင်းစု(စက်မြေ)ကူးတို့ဆိပ် (၂၂)စီး၊ ကျောင်းစု(လက်/ခပ်) ကူးတို့ဆိပ်(၂၀)စီး၊ စုစုပေါင်း ၃၃၁ စီး ရှိပြီး၊ သမ၀ါယမအသင်းပိုင် ကူးတို့သမ္ဗာန်ဆိပ် (၅)ဆိပ် ၌ သမ္မတကမ်းခြေ ကူးတို့ဆိပ်(၃၄)စီး၊ ကမာကသွယ် ကူးတို့ဆိပ်(၃၀)စီး၊ ကမာကဆစ် ကူးတို့ဆိပ်(၄၁)စီး၊ စက်မြေ ကူးတို့ ဆိပ်(၃၁)စီး၊ မှော်စက်ကူးတို့ဆိပ် (၃၁)စီး၊ စုစုပေါင်း ၁၆၇ စီးရှိပြီး ဒလမြို့နယ်တွင် စက်တပ်သမ္ဗာန်ပေါင်း ၄၉၈ စီး နှင့် ကုန်တင် အစီး (၂၀)စီး ရှိကြောင်း၊ နေ့စဉ် စက်တပ်သမ္ဗာန်ကူးတို့ဆိပ်၌ သွားလာကြသော ခရီးသည် များနှင့်  ဒလ-ပန်းဆိုးတန်းသင်္ဘောဆိပ်ကမ်းမှ ပို့ဆောင်ပေးလျက်ရှိသော  ချယ်ရီ(၁)၊ ချယ်ရီ(၂)၊ ချယ်ရီ(၃) တို့ဖြင့် ဒေသခံပြည်သူများနှင့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဧရာဝတီတိုင်းဒေသကြီးမှ သွားလာ ကြသော ခရီးသွားပြည်သူပေါင်း တစ်သိန်းဝန်းကျင်နှင့် နေ့ထူးနေ့မြတ်တို့၌ တစ်သိန်းကျော်ခန့်ရှိကြောင်း သိရသည်။
       သတင်းနှင့်ဓါတ်ပုံ- နိုင်လင်းကျော်(ဒလ)မြန်​မာ့အလင်း

No comments:

Post a Comment