Latest News

Saturday, February 3, 2018

မာန်အောင်မြို့နယ် ဘုတ်မျက်တောကျေးရွာ ကမ်းခြေအနီးတွင် ဝေလငါးတစ်ကောင် အသေတွေ့ရှိ

မာန်အောင်မြို့နယ် ဘုတ်မျက်တောကျေးရွာ ကမ်းခြေအနီးတွင် ဝေလငါးတစ်ကောင် အသေတွေ့ရှိ

မာန်အောင်၊ ဖေဖော်ဝါရီ ၂

  ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မိမ္မကြွယ် ကျေးရွာအုပ်စု ကျူးကျေးရွာနှင့် ဘုတ်မျက် တောကျေးရွာကမ်းခြေအနီးတွင်  ဝေလငါးကြီးတစ်ကောင်ကို ဖေဖော်ဝါရီ ၂ ရက် ညနေ ၅ နာရီခန့်က အသေကမ်းတင် တွေ့ရှိရကြောင်း တာဝန်သိပြည်သူတစ်ဦး သတင်းပို့ချအရ သိရသည်။

     အဆိုပါ သေဆုံးတွေ့ရသော ဝေလငါးမှာ  အရှည် ၂၄ တောင်ခန့်ရှိကြောင်းမာန်အောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သိရသည်။ ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ကံလက်ကျေးရွာကမ်းခြေအနီးတွင်  သေဆုံးပျက်စီးနေသော ဝေလငါး အရှည် ၈ တောင်ခန့်ရှိကိုလည်း တွေ့ရှိခဲ့ရကြောင်း ပြောသည်။

     ယခုလို ကမ်းခြေအနီးတွင် ဝေလငါးမျိုးစိတ်များ ပြုန်းတီးအသေကမ်းတင်လာခြင်းမှာ ရေထုညစ်ညမ်းလာမှုများကြောင့်ဖြစ်နိုင်၍ ဒေသခံ ရေလုပ်သားများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။
                                       မြို့နယ်ပြန်/ဆက်

No comments:

Post a Comment