Latest News

Sunday, February 18, 2018

တောင်ကြီး-မိတ္ထီလာလမ်းပိုင်း၌ ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်ခိုက်မှုဖြစ်ပွား

တောင်ကြီး-မိတ္ထီလာလမ်းပိုင်း၌ ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်ခိုက်မှုဖြစ်ပွား

သာစည် ဖေဖော်ဝါရီ ၁၉

တောင်ကြီး-သာစည်သွားကားလမ်းပိုင်း၌ ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
သာစည်မြို့ အနောက်ဘက်အထွက် တောင်ကြီး-မိတ္ထီလာကားလမ်းပိုင်း ကြက်မောက်ကျေးရွာ (သာစည်မြို့နယ်အတွင်း)မိုင်တိုင်အမှတ် ၉/၂ တွင် ၂၀၁၈ ဖေဖော်ဝါရီ ၁၈ ည (၁၁:၁၀)အချိန်ခန့်တွင် အရှေ့မှ မောင်းနှင်လာသော Mark(||) အမျိုးအစား တောင်ကြီးမြို့နေသူ ယာဉ်မောင်းဇော်ဝင်းမောင် နှင့် သာစည်မြို့နယ် သမန်းကျားကျေးရွာနေ ထင်လင်း(ခ)ကျောက်ခဲ မောင်းနှင်လာသော MAZADA DEMIO အမျိုးအစား မော်တော်ယာဉ်တို့ ကားခြင်းတိုက်ခိုက်မိရာ MAZADA ကားယာဉ်မောင်း ထင်လင်းနှင့် ကားပေါ်ပါ လွှမ်းမိုးဦး သာစည်မြို့ အမှတ်(၇)ရပ်ကွက် မိတ္ထီလာဆေးရုံသို့လွှဲပို့ထားပြီး ယာဉ်မောင်းထင်လင်းမှာ ဦးခေါင်းဒဏ်ရာ ပြင်းထန်ကြောင်းသိရှိရသည်။

MARK(||)ကား ယာဉ်မောင်းနှင့် ကားပေါ်ပါ အမျိုးသမီးနှစ်ဦးတို့မှာ ဒဏ်ရာရ(မစိုးရိမ်ရ)ဟု ကနဦးသတင်းအရ သိရှိရသည်။
အဆိုပါ ယာဉ်တိုက်မှုအား သာစည်မြို့မ ရဲစခန်းမှ တရားလိုပြု အမှုဖွင့်ထားကြောင်း စုံစမ်းသိရှိရသည်။
ဘိုဘို(မလှိုင်)မြန်​မာ့အလင်း

No comments:

Post a Comment