မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာအုပ်စု ငါးမျှားစခန်းရွာရှိ ငါးဖမ်းလုပ်ငန်းမှာ အရင်နှစ်ထက်ကမ်းဝေးငါးဖမ်းလှေဝင်ရောက်
ဖမ်းဆီးမှုကြောင့် ကမ်းနီးငါးဖမ်းလှေတွေ ဝင်ငွေထိခိုက်နစ်နာမှုတွေ ရှိနေကြောင်းသိရသည်။
ဒီမှာက ကမ်းနီးငါးဖမ်းလှေတွေ အများစုလုပ်ကိုင်ရာတွင် ကမ်းဝေးငါးဖမ်းလှေလာဖမ်းတဲ့အခါ ငါးဖမ်းကိရိယာတွေ ပျက်စီးဆုံးရှုံးမှု
ထိခိုက်မှုတွေကြောင့် ဝင်ငွေထိခိုက်နစ်နာခဲ့ပြီးအကျိုးမြတ်နည်းပါးခဲ့ရခြင်းဖြစ်ကြောင်း ကမ်းနီးငါးဖမ်းသမားတွေက ပြောသည်
အခုလိုကမ်းဝေးငါးဖမ်းလှေတွေမဝင်ရောက်ဖို့အတွက်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ က အချိန်မီ တားဆီးစေလိုကြောင်း ကမ်းနီးငါးဖမ်းသမားတွေက ဆိုသည်။
အဆိုပါအံဒင်ကျေးရွာ ငါးမျှားစခန်းမှာ ကမ်းနီးငါးဖမ်းလုပ်ကိုင်သူ ၅၀ဦးခန့် ရှိပြီး ပြီးခဲ့နှစ်ထက် ဝင်ငွေထိခိုက်ခဲ့သလို ရေပေါ်ငါးတွေဖြစ်တဲ့ ငါးကျံရွက်နဲ့တခြားငါးမျိုးစုံတွေသာ ရ ရှိနေကြောင်းသိရသည်။
ငါးမျှားစခန်းမှာ ရွှေ့ပြောင်းရေလုပ်သားအများစုနေထိုင်ကြပြီး ဝင်ငွေနည်းတဲ့မိသားစုဝင်တွေထဲက သားသမီးရဲ့ပညာရေးမှာ ကောင်းမွန်စွာ ပညာမသင်ကြားရဘဲ မိသားစုအတွက် ကုန်းပေါ်ရေလုပ်ငန်းထဲမှာ ဝင်ရောက်လုပ်ကိုင်နေရကြောင်းသိရသည်။
နေမျိုးထွဋ် ရေး(မြန်မာ့အလင်း)
No comments:
Post a Comment