Latest News

Wednesday, February 7, 2018

တာချီလိတ်မြို့နယ် အတွင်း တရားမဝင်သစ်များ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ် အတွင်း တရားမဝင်သစ်များ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော်  ဖေဖော်ဝါရီ  ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့၏ အနောက်ဘက် ၃ မိုင်ခန့်အကွာရှိ မိုင်းဆတ်- တာချီလိတ်သွား ကားလမ်းပေါ်၌ သစ်တင်ယာဉ်တစ်စီးရပ်တန့်ထားကြောင်း သတင်းအရ ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းတွင်   လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ  ၎င်းယာဉ်အား ပြင်ဆင်နေသည့် တာချီလိတ် မြို့စက်မှုဇုန်ရပ်ကွက်၊  ပိရေဝပ်ရှော့မှ အောင်ကြီး(ဘ) ဦးသန်းကျော်နှင့်  အိုက်ဆောင်(ဘ) ဦးစိုင်းတင်းတို့ နှစ်ဦးအား NISSAN  အမျိုးအစား လိုင်စင်မဲ့ ၁ဝ ဘီးယာဉ်ပေါ်မှ တင်ဆောင်ထားသော တရားမဝင် ကျွန်းသစ်နှင့် သစ်မျိုးစုံ ၁၅ တန်ခန့်နှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ၊ တရားမဝင် သစ်များနှင့် ယာဉ်တို့အား တာချီလိတ်မြို့မရဲစခန်းနှင့် သစ်တောဦးစီးဌာနသို့ စနစ် တကျ လွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။(MWD)

No comments:

Post a Comment