ဗိုလ်ချူပ်အောင်ဆန်း (၁၀၃)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ပုသိမ်တွင်စတုဒိသာကျေးမွေးလှူဒါန်း
ပုသိမ် ဖေဖေါ်ဝါရီ၁၃ရက်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် အမှတ်၉နယ်မြေသင်္ဘောကျဉ်း စိန်ရတနာလမ်းမကြီး စိန်ကူးတို့ ဆိပ်နှင့် ပုသိမ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD)ရုံးတို့တွင် ဗိုလ်ချူပ်အောင်ဆန်းအားကုသိုလ်ဒါနပြုရည်စူး၍၎င်း၏မွေးနေ့အထိမ်းအမှတ်အဖြစ်စတုဒိသာလှူဒါန်းကျွေးမွေးမှူ့များပြုလုပ်လျက်ရှိသည်
အဆိုပါလှူဒါန်းမှူ့များကို ပုသိမ်မြို့တွင် ပုသိမ် NLDရုံးနှင့် ဗိုလ်ချူပ်အောင်ဆန်းအားချစ်ခင်လေးစားသူများမှ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ်နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိပေမဲ့ ပုသိမ် တဖက်ကမ်းအနေနှင့် ယခုလိုပဲပြုတ်နှင့်နံပြားကျွးမွေးလှူဒါန်းခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း အလှူရှင်ဦးသိန်းဇော်ထံမှသိရသည်
ပုသိမ်တဖက်ကမ်းတွင် စိန်ကတို့ဆိပ်ပိုင်ရှင် ဦးသိန်းဇော်တို့စက်လှေအဖွဲ့မှလှူဒါန်းလျက်ရှိရာ NLDထောက်ခံအားပေးသူ ဗိုလ်ချူပ် အားချစ်ခင်လေးစားသူ ကိုလူမင်းနှင့် လူ့အခွင့်ရေးချစ်မြတ်နိုးသူကွန်ယက်အဖွဲ့ဝင်ကိုချက်ဖောင်းတို့မှ ကူညီအားပေးဒါနပြုလျက်ရှိကြောင်းတွေ့ရသည်
"ခုလိုဒီဘက်ကမ်းကိုလာလှူပေးကတာကတော့ ဒီဘက်မှာတခါမှဗိုလ်ချူပ်မွေးနေ့ကို အလှူအတန်းလုပ်တာမတွေ့ဖူးဘူး ဒါကြောင့် ဒီနှစ်ဗိုလ်ချူပ်အတွက်ကောင်းမှူကုသိုလ် ကိုဒီဘက်မှာလုပ်မယ်ဆိုပြီးလုပ်ဖြစ်တာပါ နှစ်တိုင်းလှူဖြစ်ပါတယ် ခုမှမဟုတ်ပါဘူး"ဟု ဦးသိန်းဇော်မှတိုင်းဧရာကိုပြောသည်
ဗိုလ်ချူပ်ရဲ့ဂုဏ်သတ္တိ စွန့်လွှတ်အနစ်နာခံမှူ သူရဲကောင်းစိတ်ဓာတ် တွေကိုလည်းပြည်သူအများကျယ်ကျယ်ပြန့်ပြန်သိရှိစေရန်အတွက်လည်းရည်ရွယ်သည်ဟု ၎င်းကဆက်လက်ပြောသည်
ပုသိမ်မြို့နယ် NLDရုံးအနေနှငိ့လည်း ယနေ့ညနေ၄နာရီတွင် ဗိုလ်ချူပ်အောင်ဆန်းအားရည်စူး၍ကြက်သားကော်ရည် ဆီချက်စတုဒိသာကျွေးမွေးလျက်ရှိကြောင်း ကိုလူမင်းထံမှသိရသည်
ယနေ့ဖေဖေါ်ဝါရီ၁၃ရက်နေ့သည် ဗိုလ်ချူပ်အောင်ဆန်းမွေးနေ့ အပြင် မြန်မာနိုင်ငံ၏ခလေးများနေ့လည်းဖြစ်သည်
သတင်းထောက် ရွှေရည်ဝင်း
ဓာတ်ပုံ ရွှေရည်ဝင်း
Tuesday, February 13, 2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment