Latest News

Monday, January 22, 2018

ရုရှား ထံမှ SU-30 အမျိုးအစား ခြောက်စီး ၀ယ်ယူရန် စီစဉ်လျက်ရှိ


အထက်ပါ အကြောင်းအရာကို ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး
အဲလက်ဇန်းဒါး ဖရိုမင်မှ အတည်ပြု ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့သည့် သီတင်းအပါတ်ကုန်ပိုင်းတွင် ရုရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂျေ ရှို ဂျုးသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အပါအ၀င် စစ်ဖက်အရာရှိကြီးများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက်အခုလို သဘောတူညီမှု ရရှိခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါ SU-30 တိုက်လေယာဉ်များအား နယ်မြေ တည်တံ့ပိုင်ခွင့်ကို ကာကွယ်ရေးနှင့်
အကြမ်းဖက်သမားများအား ချေမှုန်းရေးတို့တွင် အသုံးပြု မယ်လို့ မိမိတို့ ယုံကြည်ကြောင်း
ဗိုလ်ချုပ်ကြီး ဖရိုမင်က ဆိုပါတယ်။

လေယာဉ်တစီးကို မည်မျ ကုန်ကျမည်နှင့် မည်သည့်အချိန်တွင် အရောက်ပို့ဆောင်ပေးမည်ကို
ထုတ်ဖေါ်ပြောကြားခြင်း မရှိသော်လည်းရုရှားနိုင်ငံတွင် ထုတ်ဝေသော .Sputnik မဂ္ဂဇင်းကြီး
ကမူ တစီးလျင် အမေရိကန်ဒေါ်လာ ၃၇.၅ သန်း ခန့် တန်သည်ဟု ဖေါ်ပြထားပါတယ်။

ထို့အပြင် အခြားသော စစ်ရေးကဏ္ဍများတွင်လည်း ပိုမို တိုးချဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့
ကိုလည်း သဘောတူညီခဲ့ကြပါတယ်။

အဆိုပါ SU-30 တိုက်လေယာဉ်များအား၂၀၁၅ တွင် ဆီရီယား ပဋိပက္ခ တွင် စတင်
အသုံးပြုခဲ့ရာမှ လူကြိုက်များ လာခဲ့ခြင်းလည်းဖြစ်ပါတယ်။

ရုရှားရှိ Sukhoi Avionic Corporation ကြီးမှSU-27 ဖြင့် စတင်ထုတ်လုပ်ခဲ့ပြီး SU-30, SU-33, SU-35, SU-37 အထိ ရောက်ရှိနေပြီဖြစ်ပါတယ်။

မြန်မာတပ်မတော်မှ လာမည့် ဘတ်ဂျက်အကူးအပြောင်းကာလ ၆ လ အတွက် အမေရိကန်
ဒေါ်လာ သန်း တထောင်ခန့် တိုးမြှင့်ပေးဖို့လွှတ်တော်မှာ တင်ပြ တောင်းဆိုထားပြီး ဖြစ်
ပါတယ်။

ထိုအတွက် စုစုပေါင်း လျာထားသတ်မှတ်ထားတဲ့ ဘတ်ဂျက် ပမာဏရဲ့ ၁၂.၅၆% ရှိပြီး ပညာ
ရေးအတွက်က ၇.၅၆% နှင့် ကျန်းမာရေး အတွက် ၃.၉၃ % ရှိနေသဖြင့် ပညာရေး နှင့်
ကျန်ုးမာရေး ကဏ္ဍ နှစ်ခုပေါင်း ထက် များပြားနေပါတယ်။
လှစိုးဝေ

ကိုးကား။ ။ Tass News Agency (Russia)

No comments:

Post a Comment