Latest News

Thursday, January 4, 2018

Jose Rial

အနှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ မှာ အထိမ်းအမှတ် အနေနဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး မှာတော့ အိုင်ယာလန် တော် လှန်ရေးခေါင်းဆောင် မိုက်ကယ်ကောလင်း အကြောင်းရုပ်ရှင်ကို ပြနေပါတယ်။

အရှေ့တောင် အာရှ ဟာ သူ့ကျွန် ဘဝ ကို ရောက်ခဲ့ ကြရလေတော့ တော်လှန်ရေး နဲ့ လွတ်လပ်ရေးခေါင်းဆောင် တွေ အများအပြားပေါ်ထွက်ခဲ့ ရပါတယ်။ မြန်မာပြည်က ဗိုလ်ချုပ်အောင်ဆန်း၊ဗီယက်နမ် ကဟိုချီမင်း၊ဖိလစ်ပိုင်က ဂျိုဆေရီဇော် တို့ ဆို ထင်ရှားသူတွေပေါ့။ငယ်ငယ် က သူတို့အကြောင်း စာအုပ် တွေကိုမှ မဖတ် ရရင် လူ ဖြစ် ရှုံးသလို ခံစားခဲ့ ရဖူးပါတယ်။မှတ်မှတ်ရရ ရီဇော် အကြောင်း ရုပ်ရှင် ကိုပြန်ကြည့်ဖြစ်ခဲ့ပါတယ်။

သူ့သမိုင်း ကိုတော့ သိပြီးသားတွေမို့ ပြောမနေချင်တော့ပါဘူး။ဒါပေမဲ့ ဖိလစ်ပိုင် သမိုင်း မှာ ဂျိုဆေရီဇော် ရုပ်ရှင် ဟာ ကုန်ကျစရိတ် အများဆုံး ဖြစ်သလို ဝင်ငွေအကောင်းဆုံးရုပ်ရှင်လဲ ဖြစ်ပြန်ပါတယ်။၁၉၉၈ခုနှစ်က အမေရိကန် ဒေါ်လာ ၂ သန်း ကျော် အကုန်အကျ ခံ ရိုက်ထားခဲ့တာပါ။

အထုပ္ပတ္တိ ရုပ်ရှင် ဆိုတော့ လုပ်ကြံ ဇာတ်ကွက် ခင်းလို့မရပေမဲ့ ကျွန်တော် တို့ မှတ် ခဲ့ဖူးတာနဲ့ တချို့လွဲ နေခဲ့ပါတယ်။ဒါကလဲ ဘာသာပြန် အလွဲ ဖြစ် နိုင်ပါတယ်။ သူ ကွယ်လွန်တဲ့အခါ သူ့မိသားစုကို ဖလ်မီးအိမ် လေး ပေးခဲ့တယ် လို့ သိဖူးတယ်။ ရုပ်ရှင်ထဲ မှာတော့ အရက်ထည့်ပြီး သုံးရတဲ့ မီးအိုးပါ။အဲဒီ ထဲ မှာ Mi ultimo adios ဆိုတဲ့ ဒေါက်တာရီဇော် ရဲ့ နောက် ဆုံးကဗျာ လေး ချန်ထားခဲ့ပါတယ်။နောက်ဆုံးနှုတ်ဆက်စာ ဆိုပါတော့။

ဖိလစ်ပိုင်သူရဲကောင်း ရီဇော် အသတ်ခံရတော့ အသက် ၃၅ နှစ်ပါ။ သေနပ် နဲ့ ပစ်သတ် ခိုင်း တဲ့နောက် ဆုံး မြင်ကွင်း က ရင် နင့်စေပါတယ်။ ရီဇော်က သေနပ်ကို မျက်နှာချင်းဆိုင်ကြည့်ပြီး အပစ်ခံခွင့် တောင်းပါတယ်။ အာဏာပိုင်တွေက ခွင့်မပြု ပါဘူး။ သေရဲ သူက သေရဲ ပေမဲ့ သတ်တဲ့သူတွေက ဒေါက်တာရီဇော် ရဲ့ မျက် နှာကို မကြည့် ရဲ ကြပါဘူး။

ကျော ခိုင်း ချိန် မှ ပဲ ပစ်ရဲ ကြပါတယ်။ဇွဲ ကြီး တဲ့ ဒေါက်တာ ရီဇော်က သေနတ် နဲ့ အချက် နှစ်ဆယ် လောက် ပစ်ခံ ရတာတောင် နောက်ဆုံးစကား တစ်ခွန်း ပြောသွားခဲ့ပါတယ်။
ဒါဆိုပြီးပြီပေါ့ တဲ့။
ဇာဂနာ



No comments:

Post a Comment