Latest News

Thursday, January 4, 2018

သည်းခြေတော့ မရှိတော့ဘူး။ အမှတ် ပို ကြီး လာ တယ်( ဇာဂနာ)



၁၉၉၇ ၉၈ ​လောက်​က ပြသခွင့်​ အပိတ်​ခံလိုက်​ရတဲ့ဇာတ်​ကားပါ
ဝထ္တု မင်းလူ
ဇာတ်​ညွှန်း ​မောင်​သူရ
ဒါရိုက်​တာ ဟိန်းစိုး
မိညီမ
လူ​တောင်​ အဖမ်းမခံရတာ ကံ​ကောင်းသွားတယ်
ပိုက်​ဆံ​တွေကုန်​လိုက်​တဲ့ဖြစ်​ခြင်း

ဟိန်းစိုး
..............................................................
ကိုဟိန်းစိုး က ခွင့်ပြုလို့ ရေး ရ အုန်းမယ်။
၁၉၉၆ခုနှစ်။
ကျွန်တော် ဒုတိယ အကြိမ် ထောင် ကလွတ်ပြီး အနုပညာ လုပ်ကိုင်ခွင့် ၅ နှစ် ထပ်ပိတ် ထား ချိန်ပေါ့။
ထောင်ကလွတ်တာ ၁၉၉၄ အကုန်။ ၁၉၉၆ မှာ ထမင်းစားခွင့်ပိတ်တာ။
ဘယ်သူကမှ မသနားပါဘူး။
ကိုယ်ကလဲ သနားခံ ရမှာ ကြောက်တယ်။

ကိုယ့်ထမင်းကိုယ်ရှာစားတာ။
သားတစ်ယောက် သမီးတစ်ယောက် နဲ့ မိသားစုကို ရှာကျွေးခဲ့ရတာပါ။
သရုပ်ဆောင် မလုပ်ရ၊ ဒါရိုက်တာ မလုပ်ရ၊လူပြက်မလုပ်ရ ဆိုပြီး စာထုတ် ပြီး ကို ပိတ် လိုက်တာ။
ဒီတော့ ဇာတ်ညွှန်းရေးတာပေါ့။အယ်ဒီတာ လုပ်တာပေါ့။
ဘာဆန်းလဲ။ တတ် အောင်လုပ် ခေါင်း မငုံ့ဘူး။
တိုက်ဆိုင်ချင်တော့ ကိုဟိန်းစိုး က မင်းသမီး သစ် တင်ချင်တယ်။ ဇာတ် မရှိဘူး။
ကိုယ်တွေက ဆရာမင်းလူ ရဲ့ မိညီမ ကို ရိုက်ချင်တာ။
ကိုဥာဏ် (ဆရာမင်းလူ ကို ကျ့န်တော်တို့ ခေါ် တာ ကိုဥာဏ်။ သူ့နာမယ် အရင်းက ကို ဥာဏ်ပေါ်)က ကျွန်တော် ရိုက်မယ် ဆို အလကား ယူတဲ့။ အမေညို တို့ ကို ဥာဏ် တို့က ကျွန်တော့ကို ချစ်တယ်။ ကျွန်တော် ရိုက် မှာ မဟုတ်ဘူး။ ကိုဟိန်းစိုး ရိုက်မှာ ဆိုတော့ ကိုဥာဏ် က ကို ဟိန်းစိုး ကိုပြောတယ်။ ကိုဇာဂနာ ဇာတ်ညွှန်းရေး မယ် ဆိုမှ ရောင်းမယ် တဲ့။
ဒါ နဲ့ ပဲ မိညီမ ကို ဇာဂနာ ဇာတ်ညွှန်းရေး ဖြစ် ခဲ့တယ်။ဒါပေမဲ့ ဇာဂနာ့ နာမယ် သုံးခွင့် မပြုလို့ မောင်သူရ ဆိုပြီး ရေးရတယ်။
မင်းသမီး သွင်ပပအောင် ကို အိမ်သူ လို့ နာမည် ပြောင်းလိုက်တယ်။ ရီဝေယံ နဲ့ မိညီမ ကို ရိုက်လိုက်တယ်။
တကယ် ကောင်းပါတယ်။ကြည့်တဲ့လူတိုင်းကြိုက်ကြတယ်။
ဆင်ဆာက မကြိုက်ဘူး။
မင်းလူ နဲ့ မောင်သူရ ဆိုကထဲ က ဆင် ဆာက မကြိုက်တော့ဘူး။
ဆင်ဆာတင်ပြီး နောက်တစ်နေ့မှာ ဒါရိုက်တာနဲ့မင်းသမီး ကိုခေါ် တွေ့တယ်။ တွေ့တာထက် မေးတာများတယ်။
၁။ အိမ်သူ ရဲ့ မျက်နှာ အနေအထားက ဒေါ် အောင်ဆန်းစုကြည် နဲ့ တူအောင် ဘာလို့ ပြင် ဆင် ထား တာလဲ။
၂။ အိမ်သူ့ကို သူ့အိမ်ထဲ မှာ ပြန် ပြီးချုပ်နှောင် ထားတာ ဘာကိုဆိုလိုတာလဲ။
၃။ အကို တွေက ရီဝေယံ နဲ့မတွေ့စေချင်လို့ တစ်လှည့်စီ ကင်းစောင့်ကြတယ် ဆိုတာ ဘာ သဘောလဲ။
ကိုဟိန်းစိုး ခမျာ လဲ ဝတ္ထု ထုတ် ပြ ပြီးရှင်းတယ် မရ။
အိမ်သူ ခမျာ လဲ ငိုယို ရှင်းတယ် မရ။
နောက်ဆုံးတော့ ကိုဥာဏ် နဲ့ ဇာဂနာ ဖက် လှည့်လာတော့တယ်။
ကျွန်တော် တို့ ၂ ယောက်ကို ခေါ် တယ်။ ထိုင် ခုံ ပေးမထားဘူး။
သဘောက မတ်တပ်ရပ် စေ ပေါ့။ ၂ ယောက် ပေါင်းပြီး ထိုင်ခုံတစ်လုံး မှာ အတူထိုင်လိုက်တယ်။
လူကြီးထိုင်ဖို့ခုံလို့လာပြောတယ်။ မကြားချင်ယောင်ဆောင်ပြီး ဇာတ်လမ်းတစ်ပုဒ် အကြောင်းပြောနေ လိုက်ကြတယ်။
(မှတ်မှတ်ရရ အဲဒီ ဇာတ်လမ်း နာမည် က ကူညီပါရစေ တဲ့။ ကာတွန်း မောင်မောင်အောင် သရုပ်ဖော် ပုံရေးပြီး ငွေတာရီ မှာ ဖော်ပြခံရတယ်။နောင်တော့ အောင်ဘာလေ နာမည် နဲ့ ရုပ်ရှင်ဖြစ်သွားတယ်။)
၁နာရီ လောက်ကြာတော့ ဘာ လူကြီး မှ မဟုတ်ဘူး။
ကိုယ့်ထက်တောင် ငယ်သေးတဲ့ လူ ကလေး လာ တယ်။
မောင် မင်း လူကလေး က ရုပ်ရှင် အစည်းအရုံးကို သွား လိုက်ပါတဲ့။
ဒါပါပဲ။
မသွားပါဘူး။ခိုင်းတိုင်းလုပ်စရာလား ဆိုပြီး ၂ ယောက်သား ဗိုလ်အောင်ကျော်လမ်းက ပတ္တမြား မှာ သွားထိုင်တယ်။
ရုပ်ရှင်ကိုတော့ ပိတ်လိုက်တယ်။
ရိုက်ကူးခွေ တွေကိုပါ သိမ်းလိုက်တယ်။
ခု ထက် ထိ ပြန် မကြည့် ရတော့ဘူး။
ဒါပေမဲ့ အလွတ် ရပါသေးတယ်။
သည်းခြေတော့ မရှိတော့ဘူး။
အမှတ် ပို ကြီး လာ တယ်။
ဇာဂနာ

No comments:

Post a Comment