Old Zoo စာရင်းဝင် တိရစ္ဆာန် ဥယျာဉ်(ရန်ကုန်)သို့ ၂ဝ၁၇ ခုနှစ် အတွင်း လူဦးရေတစ်သန်းခွဲခန့် လာ ရောက်လေ့လာခဲ့ကြောင်း တိရစ္ဆာန် ဥယျာဉ်(ရန်ကုန်)အုပ်ချုပ်ရေးမှူးရုံး မှသိရသည်။
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) မှစီမံ မန်နေဂျာ ဦးမျိုးကျော်သူက ''ကျွန် တော်တို့ တိရစ္ဆာန်ဥယျာဉ်မှာ ပြည်သူ အများဆုံး လာရောက်ကြည့်ရှုကြ တာကတော့ ဆင်မကြီး မိုမိုပွဲပါ၊ ပရိသတ်က ထင်ထားတာထက်ကို များပြားခဲ့ပါတယ်၊ ၂ဝ၁၇ ခုနှစ်ရဲ့ ၁၂ လတာ ကာလအတွင်းမှာ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ကို လူဦးရေ တစ်သန်းခွဲခန့် လာရောက် လေ့လာကြတာ တွေ့ရပါတယ်၊ တစ်နှစ် ထက်တစ်နှစ် လူဦးရေလာရောက်မှု ပိုမိုများပြားလာသလို ကျွန်တော်တို့ ဥယျာဉ်မှာလည်း ပြုပြင်ပြောင်းလဲမှု တွေကို ရှုခင်းပန်းခြံအပိုင်းနဲ့ တိရစ္ဆာန် အပိုင်းမှာပါ အမြဲလုပ်ဆောင်နေပါ တယ်၊ ပုံမှန်အားဖြင့် အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက်တွေမှာ ရာသီဥတု သာယာရင် တစ်ရက်ကို လူဦးရေ တစ်သောင်းကျော် လာရောက် လေ့လာကြပြီး အတက်အကျတော့ ရှိတာပေါ့၊ လူဦးရေ ၅ဝဝဝ လောက် ဝင်တာတွေလည်းရှိတယ်၊ အများဆုံး လာကြတာကတော့ နယ်ကပြည်သူ တွေပါ၊ သူတို့ကျတော့ အုပ်စုလိုက် ဘုရားဖူးလာရင်း ဝင်ကြတာ တွေလည်းရှိပါတယ်''ဟု ရှင်းပြ သည်။
Old Zoo စာရင်းဝင် ဗစ်တိုး ရီးယားပန်းခြံ (ရန်ကုန်တိရစ္ဆာန် ဥယျာဉ်) ကို ၁၉ဝ၆ ခုနှစ် ဇန်နဝါရီလ ပိုင်းက ဝေလမင်းသား(ပဉ္စမမြောက် ဂျော့) လာရောက်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ယခု ဇန်နဝါရီလတွင် ၁၁၂ နှစ်ပြည့်ပြီဖြစ်ရာ အထိမ်းအမှတ်ပွဲကို ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ပြခန်းပေါင်း ၅ဝ ခန့်ဖြင့် ဥယျာဉ် အတွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သည် ဧရိယာ ၅၇ ဒသမ ၇၅ ဧက ကျယ်ဝန်းပြီး ဥယျာဉ်အတွင်း ရှုခင်း နှင့် ပန်းမန်များ စိမ်းလန်းစိုပြည်ရေး ကိုလည်း အမြဲဆောင်ရွက်ပေးနေ သည့်အပြင် လစဉ်အခါကြီးရက်ကြီး နေ့များ၊ ရုံးပိတ်ရက်များတွင် ဆင်၊ မျောက်၊ ခွေးများနှင့် လေ့ကျင့်သင် ကြားပေးပြီးသော တိရစ္ဆာန်လေးများ ၏ ကပွဲများကို အထိမ်းအမှတ်နေ့ အလိုက် ပြသလျက်ရှိကြောင်းသိရ သည်။ အဓိကလူအများစိတ်ဝင်စား ကြည့်ရှုလေ့လာကြသည်မှာ ဆင်၊ ကျားဖြူရုံ၊ မျောက်ရွာ၊ ရေမြင်း၊ သမင်၊ ဒရယ်နှင့် အခြားနို့တိုက် သတ္တဝါများအပါအဝင် မျိုးစိတ်ပေါင်း ၄၅ မျိုးရှိကြောင်း သိရသည်။
တွားသွားသတ္တဝါ မျိုးစိတ် ၁၈ မျိုး၊ ကျေးငှက် မျိုးစိတ် ၆၉ မျိုးရှိရာ စုစုပေါင်း ကုန်းနေရေနေသတ္တဝါ မျိုးစိတ် ၁၄ဝဝ ကျော်ပြသနိုင်ခဲ့ပြီး တိရစ္ဆာန်များ၏ အနံ့အသက်ကင်း ရှင်းမှုကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)မှ သိရ သည်။ ပွင့်သစ္စာ(ကြေးမှုံ)
No comments:
Post a Comment