Latest News

Thursday, January 18, 2018

ဘိုကလေးမြို့နယ်မှ စက်ဆန်းချောင်းတံတားကို မကြာမီ ဖွင့်လှစ်နိုင်တော့မည်

ဘိုကလေးမြို့နယ်မှ စက်ဆန်းချောင်းတံတားကို မကြာမီ
ဖွင့်လှစ်နိုင်တော့မည်

ဘိုကလေး ဇန်နဝါရီ ၁၈

 ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာအနီးရှိ စက်ဆန်းချောင်းတံတားကို တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄) တံတား အထူးအဖွဲ့(၁၅)က စက်ဆန်းချောင်းတံတားစီမံကိန်း ဖြင့် ၂ဝ၁ဝ ပြည့်နှစ်မှ စတင်၍ ခွင့်ပြုငွေကျပ် ၇၃ဝ၅ သန်းဖြင့်  တည်ဆောက်ခဲ့ရာယခုနှစ် ဖေဖော်ဝါရီလ ထဲတွင် ပြီးစီးအောင် တည်ဆောက်လျက်ရှိ၍ မကြာမီ ဖွင့်လှစ်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါ တံတားကြီးမှာ ဘိုကလေးမြို့မှ ၁၈ မိုင် အကွာ ဘိုကလေး- စက်ဆန်း- ထော်ပိုင်- အမာ လမ်းပေါ်တွင် တည်ရှိပြီး ဖျာပုံ- ကျုံကဒွန်း ၁၅ မိုင် ၃ ဖာလုံနှင့် ကျုံကဒွန်း-စက်ဆန်း ၁၉ မိုင် ၁ ဖာလုံတွင် စက်ဆန်းချောင်းကို ဖြတ်သန်း၍  တည်ဆောက်ထားကာ ဒေသ တွင်းလမ်းပန်းဆက်သွယ်ရေးအတွက် လွန်စွာအရေးပါသော တံတားကြီးတစ်စင်းဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ တံတား ကြီးမှာ အရှည် ၁၇၈၁ ပေ ၆လက်မ၊ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် သုံးပေခွဲစီ ရှိမည် ဖြစ်ပြီး ဘိုးပိုင်အာရ်စီကွန်ကရစ်အမျိုးအစားဖြစ်ကာ ရေလမ်း ကင်းလွတ်နယ်မှာ အမြင့် ပေ ၄ဝ၊ အကျယ် ၂၁၈ ပေထားရှိပေး ထားကြောင်း၊ နည်းစနစ်မြင့်မားစွာဖြင့် အချိန်ယူတည် ဆောက် ထားသည့် တံတားဖြစ်ကြောင်း သိရသည်။  

စက်ဆန်းချောင်းတံတားကြီး ဖွင့်လှစ်ပြီးစီးသွားပါက ယခင် က ရေလမ်းခရီးဖြင့် ဘိုကလေးမြို့သို့ နှစ်နာရီခန့် အချိန်ကုန်ခံ၍ သွားလာခဲ့ရသော မြို့ပတ်ဝန်းကျင် ကျေးရွာ ၃၂ ရွာမှ ပြည်သူ များအနေဖြင့် ဘိုကလေးမြို့သို့ ကားဖြင့်နာရီဝက်ခန့်အတွင်း သွားရောက်နိုင်မည်ဖြစ်သည့်အပြင် ထော်ပိုင်ကျေးရွာ၊ အမာမြို့ ဒေသခံများသို့လည်း ရာသီမရွေးလွယ်ကူစွာ သွားလာနိုင်တော့ မည်၍ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးကို အဆင်ပြေစေမည်ဖြစ်သလို  မြို့နယ်အတွင်း   သဘာဝဘေး အ္တရာယ်များကျရောက်လာပါကလည်း အခြားဒေသများမှ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို လျင်မြန်စွာပေးပို့ ထောက်ပံ့နိုင်တော့မည်ဖြစ်၍ ပြည်သူများအနေဖြင့် ဝမ်းမြောက် လျက်ရှိကြောင်း သိရသည်။                                  ချမ်းသာ(မြန်​မာ့အလင်း)

No comments:

Post a Comment