မောင်တော ဇန်နဝါရီ ၁၄
ရခိုင်ပြည်နယ်|မောင်တောမြို့နယ်|သက်ကယ်ပြင်(အရှေ့)ကျေးရွာ အနီး၌ ဇန်နဝါရီလ ၁၄ ရက်|နံနက် (၁၁း၃၀)အချိန်က လုပ်သေနတ်များ ရှာဖွေ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မောင်တောမြို့နယ်| အောင်မင်္ဂလာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး က၄င်း၏ကျေးရွာသား(၃)ဦးတို့သည် သက်ကယ်ပြင်(အရှေ့)ကျေးရွာ| ဗီလီအနီးရေကန်အတွင်း၌ ငါးရှာစဉ်လုပ်သေနတ်များ တွေ့ရှိကြောင်း သတင်းပေးပို့ချက်အရ သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် အဆိုပါကျေးရွာအနီး ပတ်ဝန်းကျင်အား သွားရောက်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ဗီလီအနီးရေကန်အတွင်းမှ ဗုံးပစ်လောင်ချာပုံစံ လုပ်သေနတ် ၁၇ လက်| စိန်ပြောင်း( နှစ်ချောင်းထောက်ပုံစံ) လုပ် သေနတ် ၁ လက် ၊ လက်နက်ငယ်လုပ်သေနတ်(၁၄)လက်| စုစုပေါင်းလုပ်သေနတ်(၃၂) လက်အား ရှာဖွေ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ခရိုင်( ပြန်/ဆက် )
No comments:
Post a Comment