Latest News

Monday, January 29, 2018

လူကြီးလူကောင်း ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ထားတဲ့ဇာတ်ဝင်ခန်းတွေ အကြောင်း ပြောပြတဲ့ သရုပ်ဆောင် စိုးမြတ်သူဇာ

လူကြီးလူကောင်း ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ထားတဲ့ဇာတ်ဝင်ခန်းတွေ အကြောင်း ပြောပြတဲ့ သရုပ်ဆောင် စိုးမြတ်သူဇာ

လူကြီးလူကောင်း ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့်  သရုပ်ဆောင်  စိုးမြတ်သူဇာက သူမပါဝင် ရိုက်ကူးထားသည့် ဇာတ်ဝင်ခန်းများ အကြောင်းကိုပြောသည်။ ''ဒီရုပ်ရှင်ဇာတ်ကားကို မကြီးစိုး မရိုက်ရသေးပါဘူး။ ဒီရုပ်ရှင်ဇာတ်ကားမှာ ကိုယ်နဲ့ပတ်သက်တဲ့ သူတွေဆီကို ကိုယ့်ပိုက်ဆံတွေ ပါသွားတယ်။

အဲဒါကိုမကျေမနပ်ဖြစ်ပြီး ကလဲ့စားချေတယ်။ အလန်းဆုံး၊ အလှဆုံး ငယ်ငယ်ချောချော  မော်ဒယ်လ်လေးတွေကို ခေါ်ငှားပြီး အလန်းဆုံးဖြစ်အောင်ပြင်ပေးပြီး လွှတ်လိုက်တယ်။ ရသလောက်သာ ယူခဲ့ကြဆိုတဲ့ သဘောနဲ့ပါ။   ပြီးတော့ မကြီးစိုးအတွက် သူငယ်တစ်ယောက်လောက် ရှာပေးဆိုပြီး  ပိုက်ဆံတွေပေးလိုက်တယ်။ ဒါကိုအခြောက်မက မကြီးစိုးဆီကို အလန်းလေးအစား  အသက်ကြီးတဲ့သူ ပို့လိုက်တာလေးနဲ့ ဇာတ်သိမ်းထားတဲ့ ဟာသရုပ်ရှင် ဇာတ်ကားလေးပါ။

ဒါပေမဲ့ အဲဒါတော့ မရိုက်ရသေးပါဘူး'' ဟု သရုပ်ဆောင် စိုးမြတ်သူဇာကပြောသည်။လူကြီးလူကောင်းရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် လူမင်း၊ နေတိုး၊ ပြေတီဦး၊ လွင်မိုး၊ စိုးမြတ်သူဇာနှင့် Miss အလှမယ်လေးဦး ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။(MWD)

No comments:

Post a Comment